သည်းခံခွင့်လွှတ်ခြင်းတရား ကျင့်သုံးကြဖို့ တရားပူဇော်ပွဲတက်ပရိသတ်ကို ပုပ်ရဟန်းမင်းကြီး ဟောပြော

သည်းခံခွင့်လွှတ်ခြင်းတရား ကျင့်သုံးကြဖို့ တရားပူဇော်ပွဲတက်ပရိသတ်ကို ပုပ်ရဟန်းမင်းကြီး ဟောပြော
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

နိုဝင်ဘာ ၂၉ ။                      ။ ပြီးခဲ့တဲ့ ကာလတွေတုန်းက ထိခိုက်ခံစားထားခဲ့ရတာတွေအတွက် ပြန်လည်လက်စားချေလိုစိတ်ကို ချုပ်တည်းသည်းခံကြရမယ်ဆိုပြီး  ဒီကနေ့ ရန်ကုန် ကျိုက္ကဆံ အားကစားကွင်းမှာ ပြုလုပ်တဲ့ တရားပူဇော်ပွဲ တက်ရောက်လာသူတွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းဟောပြောခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံမှာ ပထမဆုံး ပြုလုပ်တဲ့ တရားပူဇော်ပွဲမှာ တက်ရောက်လာကြသူတွေကို သည်းခံခွင့်လွှတ်ခြင်း ထားရှိရမှုနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ဟောပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ဆယ်စုနှစ်ငါးစုနီးပါးကြာ စစ်အုပ်ချုပ်ရေးကာလကနေ လွတ်မြောက်လာခဲ့သော်လည်း လူမျိုးစု ပဋိပက္ခတွေနဲ့ ထိခိုက်ခံစားနေရချိန်မှာ  ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို လက်ခံယုံကြည် ကျင့်သုံးကြဖို့ မြန်မာပြည်သူတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၉ ရက်မှာ တိုက်တွန်း ပြောကြားသွားပါတယ်။

အဆိုပါ ပုပ်ရဟန်းမင်းကြီး တရားပူဇော်ပွဲမှာ တက်ရောက်လာသူ ဦးရေ တစ်သိန်းခွဲခန့် ရှိမယ်လို့ အာဏာပိုင် တွေက ခန့်မှန်းထားပေမယ့် တကယ်တမ်းမှာတော့ တက်ရောက်လာသူဦးရေဟာ ယင်းထက် ပိုများနိုင်သေး တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required