ARSA မှ ဘူးသီးတောင်မိကျောင်းစျေးကျေးရွာရှိ အိမ်များကို မီးရှို့ဖျက်ဆီးကြောင်း တပ်မတော်ထုတ်ပြန်

ARSA မှ ဘူးသီးတောင်မိကျောင်းစျေးကျေးရွာရှိ အိမ်များကို မီးရှို့ဖျက်ဆီးကြောင်း တပ်မတော်ထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

 

ရန်ကုန် ၊ အောက်တိုဘာ ၅ ။            ။ ဘူးသီးတောင် မိကျောင်းဈေးကျေးရွာရှိ နေအိမ်များကို ARSA အဖွဲ့မှ ယမန်နေ့ အောက်တိုဘာ ၄ရက်နေ့ တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက်နေ့ နံနက် ၂ နာရီ ၄၀မိနစ်ခန့်တွင် မိကျောင်းဈေးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ရွာသူ၊ ရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့ရာ မီးရှို့သူမှာ ကျေးရွာနေ အီနု(ဘ) ဦးမာမတ်ဆွေရိန် ဖြစ်ပြီး ၎င်းမှာ ARSA အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဘင်္ဂါလီများအား တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် လိုက်လံစည်းရုံးလှုံ့ဆော်သူဖြစ်ကြောင်း ယခုအခါတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ် ၇ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးရှို့သူ အီနုအား တောင်ဘဇာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေးအတွက်   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required