တရုတ်စူပါလိဂ်မှ တီဗက်ဇ်ပြောင်းရွှေ့မည်မဟုတ်

တရုတ်စူပါလိဂ်မှ တီဗက်ဇ်ပြောင်းရွှေ့မည်မဟုတ်

 

အောက်တိုဘာ ၅၊ ရှန်ဟိုင်း။             ။ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတွင် ကစားနေသော အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်အနေဖြင့် ဘရာဇီးကလပ် ပါးလ်မီးယက်စ်အသင်းသို့ပြောင်းရွှေ့မည်ဟူသော သတင်းများမှာ မဖြစ်နိုင်ဟု ကစားသမားအေးဂျင့်က အတည်ပြုပြောကြားခဲ့သည်။

ကားလို့စ်တီဗက်ဇ်မှာ အာဂျင်တီးနားကလပ် ဘိုကာဂျုနီယာအသင်းမှ ရှန်ဟိုင်းရှင်ဟွာအသင်းသို့ပြောင်းရွှေ့လာ သူဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၆၁၅၀၀၀ အထိ လုပ်ခလစာရရှိနေသူဖြစ်သည်။

သို့သော် တီဗက်ဇ်မှာ ရှန်ဟိုင်းရှင်ဟွာအသင်းတွင်ခြေစွမ်းမပြနိုင်ပဲ ကြံ့ခိုင်မှုပြဿနာများရှိနေသလို တရုတ်စူပါလိဂ်ကို ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့သဖြင့် အသင်းနှင့်အဆင်မပြေဖြစ်နေသည်။ တရုတ်စူပါလိဂ်ကနေ တီဗက်ဇ်ထွက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

ပါးလ်မီးယပ်စ်ကလည်း ဘယ်သူမှ ကျွန်တော့်ကို စကားလာမပြောဘူး။ သူ တရုတ်မှာပဲ ဆက်ရှိနေမှာပါ။ ဟု တီဗက်ဇ်၏အေးဂျင့် ရူကိုက ပြောသည်။

အသက် ၃၃နှစ်အရွယ် မန်ယူနှင့်ဂျုဗင်တပ် တိုက်စစ်မှူးဟောင်း တီဗက်ဇ်မှာ  ရှန်ဟိုင်းရှင်ဟွာအသင်းကို ၂၀၁၆ ဒီဇင်ဘာလကတည်းက ပြောင်းရွှေ့လာသော်လည်း အသင်းအတွက် ၁၃ပွဲသာကစားပေးထားကာ ၃ဂိုးသာ သွင်းယူပေးထားနိုင်သည်။

Ref: Goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required