အရှေ့တောင်အာရှခရီးစဉ်၌ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သည့် ချားလ်မင်းသား

အရှေ့တောင်အာရှခရီးစဉ်၌ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သည့် ချားလ်မင်းသား
Britain's Prince Charles, The Prince of Wales (R) meets local school children as he visits Llancaiach Fawr Manor, near Nelson, south Wales, Britain, 11 July 2017. Photo: Geoff Caddick/EPA

 

ဗြိတိန်ထီးနန်းဆက်ခံမည့် ချားလ်မင်းသားသည် ယခုလအနှောင်းပိုင်းတွင် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ တို့ကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် အကြမ်းဖက်ကိစ္စများကြောင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်မဟုတ်ကြောင်း ဂါးဒီးယန်းသတင်းစာမှ အောက်တိုဘာလ ၄ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

ဗြိတိန်အစိုးရကိုယ်စား မြန်မာနိုင်ငံသို့ ချားလ်မင်းသား တရားဝင်သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကို အသိအမှတ်ပြုသည့်အနေဖြင့် သူ၏ခရီးစဉ်ထဲ၌ ထည့်သွင်းထားခဲ့ကြောင်း သတင်းမီဒီယာအများက ပြီးခဲ့သော လကတည်းက ဖော်ပြခဲ့ကြသည်။

သို့သော်လည်း ဗုဒ္ဓဟူးနေ့၌ထွက်ပေါ်လာသော နောက်ဆုံးပိတ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကို သူ၏ခရီးစဉ် ထဲ၌ ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

ချားလ်မင်းသားနှင့် သူ၏ကြင်ယာတော်ကာမီလာတို့သည် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ပြီး ထိုမှတဆင့် အိန္ဒိယနိုင်ငံသို့သွားရောက်ကာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required