တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ ဘန်ဇီမာကို တစ်လခန့်အထိ ရီးယဲလ်အသင်း လက်လွှတ်ရဖွယ်ရှိ

တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ ဘန်ဇီမာကို တစ်လခန့်အထိ ရီးယဲလ်အသင်း လက်လွှတ်ရဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ စနေနေ့က လီဗန်တေးနှင့် ကစားတဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အဆိုပါကစားသမားကို အနည်းဆုံး တစ်လနီးပါး လက်လွှတ်ရဖွယ် ရှိနေပါတယ်။

စပိန်ကလာတဲ့ သတင်းများအရ ဘန်ဇီမာဟာ ၄ ပတ်မှ ၆ ပတ်အထိ အနားယူရလိမ့်မှာဖြစ်ပြီး လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ အဓိက ပွဲစဉ်တွေကို လွှဲချော်မှာဖြစ်ပါတယ်။

အဆိုပါလီဗန်တေးနှင့်မှာ ရီးယဲလ်အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် မာဆယ်လိုမှာလည်း တိုက်ရိုက်အနီကဒ် ပြခံရတာကြောင့် နှစ်ပွဲ ပွဲပယ်ပြစ်ဒဏ်ခံရမယ်လို့ သိရပါတယ်။

နည်းပြ ဇီဒန်းအတွက် ကံကောင်းတာက စီရော်လ်နယ်ဒိုဟာ ဗုဒဟူးနေ့မှာ APOEL အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဝင်ရောက် ကစားပါလိမ့်မယ်။

ရီးယဲလ်အသင်းဟာ သုံးပွဲကစားရာမှာ နှစ်ပွဲဆက် သရေကျကာ ယခုရာသီ လာလီဂါပြိုင်ပွဲအစမှာ အထနှေးနေခဲ့ပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required