ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေအား တိုင်းစာရင်းစစ်ချုပ် ဆောင်ရွက်မှုအပေါ် တိုင်းအမတ် မေးခွန်းထုတ်

ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေအား တိုင်းစာရင်းစစ်ချုပ် ဆောင်ရွက်မှုအပေါ် တိုင်းအမတ် မေးခွန်းထုတ်

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေအား တိုင်းစာရင်းစစ်ချုပ်ဆောင်ရွက်နေမှုအပေါ် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်က လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

"ကျွန်မတို့ပြည်သူတွေနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေသိချင်နေတဲ့အချက်ကို မေးချင်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်က တိုင်းဒေသကြီးစာရင်းစစ်ချုပ် ရန်ပုံငွေများကို စိစစ်တင်ပြထားကြောင်း သိရှိရပါတယ်။ ဖျာပုံမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇေယျမင်းသိန်း ဧရာဝတီဘက်စုံဖွံဖြိုးရေးရန်ပုံငွေအကြောင်းကို တစ်နှစ်ကျော်ကြာသော်လည်း တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ယခုအချိန်တွင် မတွေ့ရှိလို  လွှတ်တော်ကတဆင့်သိရှိလိုပါတယ်” ဟု ညောင်တုန်းမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါ်နီနီမိုးကမေးမြန်းခဲ့သည်။

ယင်းသို့ပြောဆိုချက်အပေါ် ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်က " စစ်တုန်းပဲရှိသေးတာ ဘာမှပြောလို့မရဘူး။ စစ်ပြီးတဲ့အချိန်မှာလည်း အစိုးရအဖွဲ့က တာဝန်ရှိပေးတာဖြစ်တဲ့အတွက် တာဝန်ရှိသူကိုပဲ ပြန်အစီရင်ခံစာတင်ပေးရမှာဖြစ်လို့ အခုလောလောဆယ်ကပြောလို့မရသေးဘူး" ဟု ပြန်လည်တုံ့ပြန်သည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေအား ဖျာပုံမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအား လွှတ်တော်ကတဆင့် မေးခွန်းမေးမြန်းခဲ့သည်မှာ တစ်နှစ်ကျော်ရှိခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required