မန္တလေး၌ H1N1 ရောဂါ သံသယရှိ လူနာ ၄ ဦးတွင် ရောဂါပိုးမတွေ့

မန္တလေး၌ H1N1 ရောဂါ သံသယရှိ လူနာ ၄ ဦးတွင် ရောဂါပိုးမတွေ့

မန္တလေး၊ သြဂုတ် ၁ ။            ။ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ H1N1 ရောဂါ သံသယရှိ လူနာ ၄ ဦးရောက်ရှိလာရာ ၎င်းတို့ကို စစ်ဆေးမှုများပြုလုပ်ရာ၌ ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်ကပြောသည်။

"လေးဦးလုံး သေချာစစ်ဆေးလိုက်တော့ Negative (ပိုးမတွေ့)ဘူး။ ပိုးမတွေ့တဲ့အတွက် လက်ရှိတော့ ရိုးရိုးဖျားနာဆောင်မှာပဲ ထားထားပါတယ်"ဟု ဒေါက်တာ သန်းသန်းမြင့်ကပြောသည်။

မန္တလေးတွင် မန္တလေးပြည့်သူဆေးရုံးကြီးသို့ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက ရမည်းသင်းမြို့နယ်မှ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် ပုသိမ်ကြီးမြို့နယ်မှ အမျိုးသမီးတစ်ဦး၊ဇူလိုင် ၃၁ရက် ညနေပိုင်းတွင် ပြင်ဦးလွင်မြို့နယ်မှ လူနာနှစ်ဦးတို့ H1N1 ရောဂါသံသယရှိသည်ဟုဆိုကာ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ H1N1 သံသယရှိ လူနာများရောက်ရှိလာပါက ဆေးရုံကြီးတွင် သီးသန့်လူနာဆောင်များထားရှိပြီး တာဝန်ကျ ဆရာ၊ဆရာမများကိုလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းသိရသည်။

လတ်တလောအနေဖြင့် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ဇူလိုင်၃၁ရက်၊ည၈နာရီကထုတ်ပြန်ချက်အရ ပြင်ထန်အဆုတ်ရောင်ရောဂါပိုး(Severe Acute Respiratory Infection)တွေ့လူနာ ၂၁၃ ဦးအထိ ရှိနေပြီး ၎င်းတို့အနက် Sesonal Influenza Type A(H1N1)pdom9 ပိုးတွေ့လူနာ ၆၂ ဦးအထိရှိကာ သေဆုံးသူ ၁၂ ဦးထိရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required