တရုတ်-မြန်မာအကြား ပူးတွဲ စက်မှုဇုန် ထူထောင်မည်

တရုတ်-မြန်မာအကြား ပူးတွဲ စက်မှုဇုန် ထူထောင်မည်
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ DONG LONG မြန်မာ တရုတ် ဖက်စပ် အထည်ချုပ်စက်ရုံအား ဇူလိုင်လ တစ်ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မေ ၁၇။            ။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဖက်စပ် စက်မှုဇုန်တစ်ခု ထူထောင်သွားရေး နားလည်မှု စာချွန်လွှာတစ်ရပ်ကို ယမန်နေ့ မေလ ၁၆ ရက်က နှစ်ဘက်တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စက်မှုဇုန်ကိုတော့ တရုတ်နဲ့ မြန်မာ နှစ်ဘက် အာဏာပိုင်တွေက ပူးတွဲ စီမံခန့်ခွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက မေလ ၁၆ ရက်မှာ ယင်းရဲ့ တရားဝင် Weibo အကောင့်မှာ ရေးသားထားတယ်လို့ သိရပါတယ်။

တရုတ်တို့အနေနဲ့ ကာဇက်စတန်၊ လာအို တို့နဲ့လည်း အလားတူ နယ်စပ်ဖြတ်ကျော် စက်မှုဇုန်တွေ ထူထောင်ထားတယ်လို့ သိရပါတယ်။

ယမန်နေ့တုန်းကတော့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် တို့ တွေ့ဆုံခဲ့သလို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required