မုန်တိုင်းဖြစ်ဖို့ အလားအလာ ၈% ခန့်အထိ မြင့်တက်လာ

မုန်တိုင်းဖြစ်ဖို့ အလားအလာ ၈% ခန့်အထိ မြင့်တက်လာ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းလာပြီး မုန်တိုင်းဖြစ်ဖို့ အလားအလာ ၈ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

"(၁၄-၅-၂၀၁၇)ရက် နံနက်(၀၆း၃၀)နာရီမှ နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်ဖို့ အလားအလာသေချာမှု ၈% ရှိနေပါပြီ" ဟု ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

မုန်တိုင်းဖြစ်နိုင်သည့် အလားအလာမှာ မေလ ၁၃ရက် ညနေပိုင်းက ၆ရာခိုင်နှုန်းရှိခဲ့ရာမှ မေလ ၁၅ရက် ညနေတွင် ၈ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မေလ ၁၅ရက် နှင့် ၁၆ရက်တွင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် မိုးရွာဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required