ဧရာဝတီယူနိုက်တက် အသင်းနည်းပြ နှစ်ဦးကို ပွဲပယ်ပြစ်ဒဏ်များချမှတ်

ဧရာဝတီယူနိုက်တက် အသင်းနည်းပြ နှစ်ဦးကို ပွဲပယ်ပြစ်ဒဏ်များချမှတ်
ဧရာဝတီ-ရန်ကုန်ပွဲတွင် ကွင်းလယ်ဒိုင်နှင့်နည်းပြများအငြင်းပွားနေစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၃၁၊ ရန်ကုန် ။        ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁၂ပွဲစဉ်တစ်ပွဲဖြစ်သော ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ပွဲတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များနှင့် ပတ်သတ်ပြီး ဧရာဝတီယူနိုက်အသင်းမှ နည်းပြနှစ်ဦးကို မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပွဲပယ်ပြစ်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခဲ့သည်။

ယင်းပွဲစဉ်တွင်ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသော ဧရာဝတီနည်းပြချုပ် မာယန်နှင့် လက်ထောက်နည်းပြ ဦးကျော်လွင်တို့ကို စည်းကမ်းထိန်းသိမ်းရေးမှ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံး ထွက်ပြိုင်ပွဲနှင့် မြန်မာနေ ရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံးနှစ်ပွဲကွင်းအတွင်းဝင်ရောက်ကြီးကြပ်ခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် သုံးသိန်းစီပြစ်ဒဏ်ချခဲ့သည်။

ထို့အပြင် ယင်းပြိုင်ပွဲတွင် တာဝန်ယကြီးကြပ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးအောင်သူ၏ လုပ်ဆောင်ချက်များသည် သာမာန်မိနစ် ၉၀ အတွင်းအထူး ကောင်းမွန်သည်ကို လေ့လာတွေ့ရှိရသော်လည်း ဒုတိယပိုင်း ၄၅ မိနစ် ပြည့်ပြီးသည့်နောက် ထပ်ဆောင်း အချိန်ပိုများ ပေးရာတွင်မူ ဝိဝါဒ ကွဲပြားစရာများနှင့် အငြင်းပွားဖွယ်ရာများ တွေ့ရှိရသဖြင့်နောက်နောင်တွင် အမှားနည်းနိုင်သမျှ နည်းအောင် နှင့် အငြင်းပွား ဖွယ်ရာ ပြသနာများ မဖြစ်ပေါ်အောင် ဆောင်ရွက်ပေးသွားကြပါရန် ပြင်းထန်စွာ သတိပေးမှုပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required