အဆိုတော် မီမီဝင်းဖေ၏ ဝင်းဖေ၏ ဘချယ်တေးသီချင်း အွန်လိုင်းမှ အခမဲ့ ဖြန့်ချိ

အဆိုတော် မီမီဝင်းဖေ၏ ဝင်းဖေ၏ ဘချယ်တေးသီချင်း အွန်လိုင်းမှ အခမဲ့ ဖြန့်ချိ
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဧပြီ ၂၆  ။             ။ အဆိုတော် မီမီဝင်းဖေသည် ၎င်း၏ ဖခင် ဦးဝင်ဖေ ရေးသားပေးထားသည့် ဝင်းဖေရဲ့ဘချယ်အမည်ရှိ တေးသီချင်းကို Myanmar Music Store အွန်လိုင်းမှ ဧပြီ ၂၆ရက်မှ စတင်ပြီး Free Download အနေဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေ၏ ဝင်းဖေရဲ့ဘချယ် တေးသီချင်း ဖြန့်ချိမည့်အကြောင်း စာနယ်ဇင်း များနှင့် မိတ်ဆက်သည့် အခမ်းအနားကို ဧပြီ ၂၆ရက်က ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ Friendship စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ 

ထိုတေးသီချင်းကို ဦးဝင်းဖေမှ လွန်ခဲ့သည့် နှစ် ၄ဝက ရေးသားထားသည့် တေးသီချင်းဖြစ်ကာ ပရိသတ်များအတွက် အမှတ်တရ အနေဖြင့် ဖြန့်ချိပေးခြင်း ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေက "သားအဖ နှစ်ယောက်က အနုပညာနဲ့ ပတ်သက်ပြီး အတူတူ တွဲမလုပ်ဖူးတော့ ဖေဖေ့ရဲ့ ပရိသတ်တွေအတွက်ရော မမီရဲ့ ပရိသတ်တွေအတွက်ပါ မမီတို့ရဲ့ မိသားစုလက်ဆောင်အဖြစ် ဒီသီချင်းလေးကို ပရိသတ်အတွက် စီစဉ်ဖြစ်တာပါ " ဟု ပြောသည်။ 

ဝင်းဖေရဲ့ဘချယ် တေးသီချင်းသည် ဦးဝင်ဖေ၏ ဝတ္တုတိုထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သည့် ဘချယ်ကို ထည့်သွင်းအသုံးပြုထားပြီး လူတွေ ဆင်းရဲအကျပ်အတည်းတွေ့ကြပြီး ဘာကြောင့် လူတွေဆင်းရဲရတယ်ဆိုတာကို ရေးစပ်ထားခြင်း ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေသည် တစ်ကိုယ်တော် တေးအယ်ဘမ်ပေါင်း ၁၆ခွေ ထွက်ရှိခဲ့သလို အတွဲခွေများတွင်လည်း ပါဝင်သီဆိုထားသူ ဖြစ်သည်။

ရှိုးပွဲတွေအဆိုများနေသည့် အဆိုတော် မီမီဝင်းဖေသည် လက်ရှိတွင် အဆိုတော် ဘိုဖြူ နှင့် အတွဲခွေ စီစဉ်လျက်ရှိပြီး ထိုတေးအယ်ဘမ်ကို ၂ဝ၁၇ခုနှစ်ထဲတွင် ထွက်ရှိရန် စီစဉ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required