Running Man ၏ လာမည့်အပိုင်းသစ်တွင် ပါ့ခ်ဘိုဂမ်ပါ၀င်မည်

Running Man ၏ လာမည့်အပိုင်းသစ်တွင် ပါ့ခ်ဘိုဂမ်ပါ၀င်မည်

မင်းသား ပါ့ခ်ဘိုဂမ်သည် Running Man ဂိမ်းအစီအစဉ်၏ ထွက်ရှိလာမည့် အပိုင်းသစ်တွင် ပါ၀င်ထားသည်ဟု သိရသည်။

SBS မှလာသော သတင်းများအရ ပါ့ခ်ဘိုဂမ်သည် ပြီးခဲ့သော မတ်လ ၆ ရက်နေ့တွင် Running Man ရုပ်သံအစီအစဉ် ရိုက်ကူးရာတွင် ပါ၀င်ခဲ့သည်ဟု သိရသည်။ Running Man ၏ ထွက်ရှိလာမည့် အပိုင်းသစ်တွင် အစီအစဉ်၌ ပါ၀င်သော ကစားသမားများသည် ၄င်းတို့၏ မစ်ရှင်ကို ပြီးမြောက်ရန်အတွက် အတွဲကိုယ်စီဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ၄င်းတို့၏ မိတ်ဆွေများကိုလည်း အကူအညီ တောင်းခံနိုင်မည် ဖြစ်သည်။ ပါ့ခ်ဘိုဂမ်သည် ထိုအပိုင်းသစ်တွင် လီကွမ်ဆူးနှင့် ဆောင်းဂျီဟို တို့အတွဲအား ၄င်းတို့မစ်ရှင် ပြီးမြောက်အောင် ကူညီမည်ဖြစ်သည်။

ထိုအပိုင်းသစ်အား လာမည့်မတ်လ ၁၂ရက်နေ့တွင် ထုတ်လွှင့်မည်ဖြစ်သည်။ ယခုအကြိမ်သည် ပါ့ခ်ဘိုဂမ်၏ ၂၀၁၇ခုနှစ်အတွင်း Running Man ဂိမ်းအစီအစဉ်တွင် ပထမဦးဆုံး ပါ၀င်ခြင်းဖြစ်ပြီး ပြီးခဲ့သော ဧပြီလက ဆောင်းဂျီဟိုကို သူမ၏ မစ်ရှင် ပြီးမြောက်ရန်အတွက် ကူညီခဲ့ဖူးသည်။

ဒါ့အပြင် မကြာသေးခင်က ရရှိသောသတင်းများအရ လီကွမ်ဆူး၏ သူငယ်ချင်းဖြစ်သူ ပါ့ခ်ဂျန်မင်းလည်း လာမည့်အပိုင်းသစ်တွင် ပါ၀င်မည်ဟုသိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required