ဟီလာရီကလင်တန် ကိုယ်ပိုင်အီးမေးလ်အသုံးပြုခဲ့သည့် ဖြစ်စဉ်နှင့် မိမိကို နှိုင်းယှဉ်ခြင်း မပြုရန် အမေရိကန်ဒုသမ္မတ ပြောဆို

ဟီလာရီကလင်တန် ကိုယ်ပိုင်အီးမေးလ်အသုံးပြုခဲ့သည့် ဖြစ်စဉ်နှင့် မိမိကို နှိုင်းယှဉ်ခြင်း မပြုရန် အမေရိကန်ဒုသမ္မတ ပြောဆို

မတ် ၄ ။                ။ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူစဉ်က အစိုးရတာဝန်ကိစ္စရပ်များဆောင်ရွက်ရာတွင် ကိုယ်ပိုင်အီးမေးလ်သုံးခဲ့သည်ဆိုသော မီဒီယာသတင်းဖော်ပြချက်များကို အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ချေပ ပြောဆိုသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

" Indiana ပြည်နယ် အုပ်ချုပ်ရေးမှူးဘဝက ကျွန်တော့်ရဲ့ အီးမေးလ်အသုံးပြုခဲ့မှုနဲ့ပတ်သက်လို့ ကျွန်တော့်ကိုယ်ကျွန်တော် လိပ်ပြာလုံကြောင်း ပြောထားပြီး ဖြစ်ပါတယ်၊ အဲဒီတုန်းက ပြည်နယ်စည်းမျဉ်း ဥပဒေတွေနဲ့အညီပဲ အီးမေးလ် သုံးခဲ့တာဖြစ်ပါတယ်" ဟု ဒုသမ္မတက ပြောဆိုသွားသည်။

" ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဟီလာရီကလင်တန် ရဲ့ ဖြစ်စဉ်နဲ့ ကျွန်တော့်ကို လာမနှိုင်းကြပါနဲ့လို့ ပြောချင်ပါတယ်၊ ဟီလာရီဆိုတာက ပေါက်ကြားလို့မရတဲ့ အစိုးရသတင်းအချက်အလက်တွေကို ကိုယ်ပိုင် အီးမေးလ်ဆာဗာနဲ့ သုံးခဲ့တာပါ၊ ပြီးတော့ ကွန်ဂရက်နဲ တာဝန်ရှိသူတွေက အဲဒီမေးလ်တွေကို တောင်းတဲ့အချိန်မှာ ဖျက်ထားပြီးပြီလေ၊ ကျွန်တော်တို့ကတော့ ပြည်နယ်ဥပဒေတွေနဲ့အညီပဲ အသုံးပြုခဲ့တာပါ" ဟု မိုက်ပန့်စ်က ချေပပြောဆိုသွားသည်။

ပြီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲကာလကလည်း မိုက်ပန့်စ်က ပြိုင်ဘက် ဟီလာရီကလင်တန်၏ ကိုယ်ပိုင်အီးမေးလ် အသုံးပြုခဲ့မှု နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ခဲ့သူဖြစ်ကာ ယင်းလုပ်ရပ်က သူမ၏ ရွေးကောက်ပွဲ ရှုံးနိမ့်သွားစေခဲ့ရသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required