အမေရိကန်တွင် လေဆင်နှာမောင်းများ တိုက်ခတ်ခြင်းကြောင့် သုံးဦးသေဆုံး

အမေရိကန်တွင် လေဆင်နှာမောင်းများ တိုက်ခတ်ခြင်းကြောင့် သုံးဦးသေဆုံး

ဝါရှင်တန်၊ မတ် ၂ ။             ။ အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းပြည်နယ်များ အထူးသဖြင့် အီလီနွိုက်ပြည်နယ်တွင် လေပြင်းမုန်တိုင်းများ မတ် ၁ ရက်မှာ ဝင်ရောက်တိုက်ခတ်တာကြောင့် လူသုံးဦးသေဆုံးပြီး ဝရုန်းသုန်းကားအခြေအနေနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျရောက်ဖြစ်ပေါ်တဲ့ မုန်တိုင်းတွဲဖွဲ့စည်းမှုမှာ စုစုပေါင်း လေဆင်နှာမောင်း ၂၄ ခု အတွဲလိုက်တိုက်ခတ်ခြင်းဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း အမေရိကန်အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ လေဆင်နှာမောင်းတွေ ဝင်ရောက်တိုက်ခတ်ခဲ့တာက အာကန်ဆက်၊ အိုင်အိုဝါ၊ အင်ဒီယာနား၊ အီလီနွိုက်၊ အိုဟိုင်းယို၊ ကန်တက်ကီနဲ့ တန်နက်စီ ပြည်နယ်တွေမှာဖြစ်ပါတယ်။

ချီကာဂိုအနောက်တောင်ပိုင်း ၁၁၅ မိုင်အကွာက လူဦးရေ ၁၉၀၀၀ နီးပါးနေထိုင်တဲ့ အော့တဝါမြို့မှာ သစ်ပင်ပြိုလဲတာကြောင့် အသက် ၇၆ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးကြောင်း အီလီနွိုက်အရေးပေါ်စီမံရေးအေဂျင်စီက ပြောပါတယ်။

အော့တဝါမှာ ထိခိုက်ဒဏ်ရာတွေ ရလို့ အနည်းဆုံး လူ ၁၄ ဦး ဆေးရုံတင်ထားရပါတယ်။

အော့တဝါမြို့က တောင်ဖက် ၃၅၀ ကီလိုမီတာအကွာက ခရော့စ်ဗေးမြို့မှာ နောက်ထပ်လေဆင်နှာမောင်းကြောင့် အိမ်တစ်လုံးပျက်စီးရာကနေ အသက် ၇၁ နှစ်ရှိအဘိုးအိုတစ်ဦး သေဆုံးကာ ၎င်းရဲ့ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရပါတယ်။

တတိယမြောက်သေဆုံးသူက မစ်ဆူရီပြည်နယ်ကဖြစ်ပြီး ပါရီကောင်တီမှာ အခြားသောလေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ရာက သေဆုံးခြင်းဖြစ်ကာ ပါရီဗေးအရပ်က အိမ်ရှစ်အိမ်နဲ့ ဆယ်အိမ်ကြား ပျက်စီးမှုဖြစ်ပါတယ်။

လေဆင်နှာမောင်းတွေကြောင့် လူသေဆုံးမှုအပြင် ဝရုန်းသုန်းကားအခြေအနေနဲ့ ပျက်စီးမှုတွေဖြစ်ပြီး ကျန်ရစ်ပါတယ်။

ခုမုန်တိုင်းဖွဲ့စည်းမှုက လက်ရှိမှာ အမေရိကန်အရှေ့ဖက်ကမ်းခြေဖက်ဦးတည်ရွှေ့လျားနေရာ မစ္စစ္စပီကနေ ဒဲလ်လာဝဲလ်အထိ သတိပေးချက်တွေ ထုတ်ပြန်ထားကာ နယူးယောက်မြို့ဆီ   ရောက်လာနိုင်ခြေလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required