ဆီးရီးယားအရေး ပြေလည်ရန် စစ်ရေးနည်းကိုသာ ဆက်လက်ကိုင်ဆွဲနေဦးမည်ဆိုပါက ပြေလည်နိုင်ရန် ခက်နေဦးမည်ဖြစ်ကြောင်း ကုလအကြီးအကဲ ပြော

ဆီးရီးယားအရေး ပြေလည်ရန် စစ်ရေးနည်းကိုသာ ဆက်လက်ကိုင်ဆွဲနေဦးမည်ဆိုပါက ပြေလည်နိုင်ရန် ခက်နေဦးမည်ဖြစ်ကြောင်း ကုလအကြီးအကဲ ပြော

ဖေဖော်ဝါရီ ၂၀ ။            ။ ဆီးရီးယား အရေးကိစ္စ ပြေလည်မှု ရရှိရေးအတွက် စစ်ရေးနည်းလမ်း တစ်ခုတည်းဖြင့်သာ ဆက်လက် ကိုင်ဆွဲဖြေရှင်းနေဦးမည်ဆိုပါက ပြေလည်ရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေး ပြောကြားလိုက်သည်။

အကယ်၍ ယင်းနိုင်ငံအရေးတွင် စစ်ရေးနည်းဖြင့်သာ ဆက်လက်အဖြေရှာရန် ကြိုးစားနေဦးမည်ဆိုပါက စစ်ပွဲကို ပိုကြာသွားစေနိုင်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒကိုပါ ပိုမိုအားပေးရာရောက်လိမ့်မည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

နိုင်ငံတကာအဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူက ဂျာမနီတွင် ပြုလုပ်သည့် ၅၃ ကြိမ်မြောက် မြူးနစ် လုံခြုံရေး ကွန်ဖရင့် သို့ တက်ရောက်လာစဉ် အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားအရေးတွင် ပါဝင်ဖြေရှင်းနေကြသူများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနည်းကို စွန့်ကာ နိုင်ငံရေးအရ ဖြေရှင်းသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင်သွားရန် နှင့်ယင်းနည်းလမ်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုသာ ဖော်ဆောင်သွားရန် ကုလအကြီးအကဲက တိုက်တွန်းပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required