မင်းသားတွမ်ခရုစ်၏ အော်သံအား ဖုန်း ringtone ပြုလုပ်ထား

မင်းသားတွမ်ခရုစ်၏ အော်သံအား ဖုန်း ringtone ပြုလုပ်ထား

အသစ်ထွက်ရှိလာမည့် The Mummy ဇာတ်ကားသစ်ထဲမှ မင်းသားတွမ်ခရုစ်၏ အော်သံကို ဖုန်း ringtone အဖြစ် အမိအရ သိမ်းဆည်းထားကြပါသည်။

IMAX ရုပ်ရုံများတွင် ပြသရန်အတွက် Universal မှထုတ်လုပ်သော The Mummy ဇာတ်ကားနမူနာတွင် အရေး ပါသော အသေးစိတ်အချက်အလက်လေးတစ်ခု ကျန်ရှိခဲ့ပြီး ထိုအရာကတော့ အသံပြုလုပ်ချက်ပဲဖြစ်ပါသည်။

အခြားနောက်ခံအသံများမပါ၀င်ပဲမင်းသားတွမ်ခရုစ်နှင့် သူ၏တွဲဖက်သရုပ်ဆောင် အန်နာဘယ်လီဝေါလစ် တို့၏ အော်ဟစ်သံနှင့်ပင့်သက်ရှိုက်သံ များသာပါ၀င်သည့် ဗွီဒီယိုအပိုင်းလေးတစ်ခုကို အင်တာနက်ပေါ်သို့ တင်ခဲ့ကြပါသည်။ ထို့နောက်တွင် အဆိုပါအော်ဟစ်သံဟာ အင်တာနက်ပေါ်တွင်လျင်မြန်စွာပေါ်ပြူလာဖြစ်ခဲ့ပြီး ထိုအသံကို ဖုန်း ringtone အဖြစ်အချို့သော သူများက   ပြုလုပ်ထားကြောင်း  အင်တာနက်သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် The Daily Dot ၏အဆိုအရသိရပါသည်။

လေယာဉ်သံ၊ပေါက်ကွဲသံနှင့် သေနတ်ပစ်သံတို့ဖြင့် ဆူညံသံ များရှည်လျားစွာကြားရမှာဖြစ်ပေမယ့် အသံနေရာ အထားအသိုမှားနေသောကြောင့် ညည်းသံနှင့် အသက်ရှုသံ တို့ကိုသာ ထိုဗွီဒီယိုဖိုင်ထဲ တွင် ကြားနေရပါသည်။

အဆိုပါချို့ယွင်းချက်ကို IMAX နှင့် Universal တို့မှသိရှိခဲ့ပြီးနောက် အဆိုပါဗွီဒီယိုဖိုင်ကို youtube ပေါ်မှပြန်လည်ဖြုတ်ချခဲ့ကြပါသည်။ သို့သော်လည်း အင်တာနက်အသုံးပြုသူအချို့ကတော့ အဆိုပါဖိုင်ကို ကော်ပီကူးထား ပြီးနေပြီဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required