လူကာကူ နှစ်ရှည်စာချုပ်သစ်ချုပ်ရန် အဲဗာတန်အသင်း မျှော်လင့်

လူကာကူ နှစ်ရှည်စာချုပ်သစ်ချုပ်ရန် အဲဗာတန်အသင်း မျှော်လင့်

ဒီဇင်ဘာ ၂၁၊ လီဗာပူးလ်။          ။ လူကာကူသည် အသင်းသမိုင်းတစ်လျှောက် လစာအများဆုံးဖြစ်လာစေနိုင်သည့် နှစ်ရှည်စာချုပ်သစ်ကို လက်မှတ်ထိုးလိမ့်မည်ဟု အဲဗာတန်အသင်းက   မျှော်လင့်နေသည်။

လူကာကူ၏အေးဂျင့်သည် အဲဗာတန်အသင်းအဓိကရှယ်ယာရှင် ဖာဟတ် မိုရှီရီနှင့် တွေ့ဆုံဆွေးနွေးရန်ရှိနေသည်ဟု ယူဆရ သည်။

အသက် ၂၃ နှစ်အရွယ် လူကာကူ၏ လက်ရှိစာချုပ်မှာ ၂၀၁၄ ဇူလိုင်တွင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းဖြင့် ချယ်လ်ဆီးအသင်းထံမှ ပြောင်းလာစဉ်က တစ်ပတ်ပေါင် ရ၅,၀၀၀ ဝန်းကျင်ဖြင့် ချုပ်ဆိုထားခြင်းဖြစ်သည်။ စာချုပ်သစ်အရ တစ်ပတ်လုပ်ခပေါင်တစ်သိန်းရဖွယ် ရှိနေသည်။

လူကာကူ၏စာချုပ်သက်တမ်းမှာ ၂၀၁၉ ထိရှိနေပြီး စာချုပ်သစ်ချုပ်ရန်အခြေအနေတိုးတက်လာခြင်းက အသင်းကိုပြန်လည် တည်ဆောက်လိုသည့် နည်းပြရော်နယ်ကိုးမန်းအတွက် အားတက်စရာပင်ဖြစ်သည်။

လက်ရှိပရီးမီးယားလိဂ်ရာသီတွင် ၁၅ ပွဲကစား ကိုးဂိုးသွင်းထားသည့်လူကာကူကို နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်နှင့် ချယ်လ်ဆီးတို့က စိတ်ဝင်စားခဲ့ကြသော်လည်း အသင်းပြောင်းခွင့်ပြုမည်မဟုတ်ဟု ကိုးမန်းက ပြောဆိုခဲ့ဖူးသည်။

သို့သော် ဘယ်လ်ဂျီယံတိုက်စစ်မှူးအနေဖြင့် အမြင့်ဆုံးခြေစွမ်းသို့ရောက်ရန်အတွက် အသင်းပြောင်းရန်လိုအပ်သည်ဟုလည်း ကိုးမန်းက ဆိုခဲ့ဖူးသေးသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required