One Championship

ကွန်ပျူတာကီးဘုတ်များနဲ့ ပြုလုပ်ထားတဲ့ စတိဗ်ဂျော့ဘ်ပုံတူ

.

(ဓာတ်ပုံ - Irina Gorbasyova/အီးပီအေ)

ဒီဇင်ဘာလ ၁၆ ရက်နေ့က ယူကရိန်းနိုင်ငံ Mariupol မြို့ရှိ ကွန်ပျူတာ အကယ်ဒမီ SHAG (step) ကျောင်းရဲ့ ကျောင်းသားများက စတိဗ်ဂျော့ဘ် ပုံတူကို ကွန်ပျူတာ ကီးဘုတ်များနဲ့ ပြုလုပ်ခဲ့ပါတယ်။

ပုံတူ ဖန်တီးဖို့အတွက် ကီးဘုတ် ၁၀၀ ကျော်နှင့် ကီးခလုတ်ပေါင်း ၅၀၀၀ ကို အသုံးပြုခဲ့ကြပါတယ်။

အကယ်ဒမီကျောင်းသားများက  စတိဗ်ဂျော့ဘ် ပုံတူကို Apple ကုမ္ပဏီသို့ လက်ဆောင်ပေးရန် ဆုံးဖြတ်ထားပြီး သူတို့ပြောဆိုချက်အရ ဒီအကြောင်းကို ယခုအခါ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

Apple ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်လည်းဖြစ်ခဲ့သူ စတိဗ်ဂျော့ဘ်ဟာ ကင်ဆာရောဂါကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ အသက် ၅၆ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

(ဓာတ်ပုံ - Irina Gorbasyova/အီးပီအေ)