အစ္စလာမ်မစ်စစ်သွေးကြွများကြောင့် မငြိမ်သက်ရာ ရှင်ကျန်းပြည်နယ်၌ သတင်းတုများ ဖန်တီးဖြန့်ဝေက ကြီးလေးစွာ ဒဏ်ရိုက်မည်

အစ္စလာမ်မစ်စစ်သွေးကြွများကြောင့် မငြိမ်သက်ရာ ရှင်ကျန်းပြည်နယ်၌ သတင်းတုများ ဖန်တီးဖြန့်ဝေက ကြီးလေးစွာ ဒဏ်ရိုက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၈ ။              ။ တရုတ်နိုင်ငံတွင် လူမျိုးစုမတည်ငြိမ်မှုများ ဖြစ်လေ့ရှိသည့် အနောက်ပိုင်း ရှင်ကျန်းပြည်နယ် တည်ငြိမ်ရေးအတွက် လုပ်ဆောင်မှုအဖြစ် သတင်းတုများ ဖန်တီးဖြန့်ဝေသူ မည်သူမဆို ကြီးလေးစွာ ဒဏ်ငွေ ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုအာရှ၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့နှင့် နယ်စပ်လည်းဖြစ်ကာ မွတ်စလင် ဝီဂါလူမျိုးစုများ ရှိနေသည့် ရှင်ကျန်းပြည်နယ်တွင် ခွဲထွက်ရေးအစ္စလာမ်မစ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း တရုတ်က ပြောသည်။

မကြာသေးမီက နှစ်များအတွင်း အကြမ်းဖက်မှုများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သော်လည်း လူ့အခွင့်အရေးအုပ်စုများက အစိုးရ၏ မူဝါဒများက ဝီဂါများ၏ ဘာသာရေးနှင့် စီးပွားရေးလွတ်လပ်ခွင့်များအပေါ် ဖိနှိပ်ထားခြင်းက ပြဿနာ၏ ရင်းမြစ်ဖြစ်ကြောင်း ပြောကြသည်။

ရှင်ကျန်းဒေသတွင် မည်သည့် အလွဲသုံးစားပြုမူမှုမျိုးကိုမှ မကျုးလွန်ကြောင်း အစိုးရက ငြင်းပြီး ဝီဂါတို့၏ ဥပဒေရေးရာနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးထားကြောင်း အလေးအနက်ပြောသည်။

ရှင်ကျန်းပြည်နယ်လွှတ်တော်က သဘောတူပြဌာန်းသည့် ယခုချမှတ်လိုက်သည့် စည်းမျဉ်းသစ်အရ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သော၊ အတုအယောင်ပြုလုပ်ထားသော သတင်းများကို ဖန်တီးခြင်း၊ ပြုစုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ပြန်ခြင်း၊ ကော်ပီပွားခြင်းများ လုပ်ဆောင်သည့် ဝက်ဘ်ဆိုက်တည်ထောင်သူများကို ကြီးလေးသည့် ဒဏ်ငွေအဖြစ် ယွမ် ငါးသိန်း (အမေရိကန်ဒေါ်လာ ရ၂၇၀၀) ဒဏ်ရိုက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required