ပါကစ္စတန် နိုင်ငံတကာ လေကြောင်း လေယာဉ်ပျက်ကျမှု အသက်ရှင် ကျန်ရစ်သူ မရှိ

ပါကစ္စတန် နိုင်ငံတကာ လေကြောင်း လေယာဉ်ပျက်ကျမှု အသက်ရှင် ကျန်ရစ်သူ မရှိ
(ဓာတ်ပုံ - အီးပီအေ)

ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (ပီအိုင်အေ) မှ ခရီးသည်တင် လေယာဉ်တစ်စင်းဟာ နိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လိုက်ပါလာတဲ့ လူ ၄၈ ဦးလုံး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ခရီးစဉ် PK-661 မှာ ချီထရယ်မြို့ကနေ ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်ကို ထွက်ခွာလာစဉ် အစ္စလာမ်မာဘတ်ရဲ့ မြောက်ဘက် ရ၀ ကီလိုမီတာခန့်အကွာ ဟာဗေးလျန်းနေရာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းဟာ ယခင်က ဘေးကင်းလုံခြံုမှု မရှိကြောင်း စွပ်စွဲခဲ့ပေမယ့် ယခုပျက်ကျသွားတဲ့ လေယာဉ်ပေါ် မပျံသန်းမီး စစ်ဆေးမှုများအရ "နည်းပညာဆိုရာ မှားယွင်းမှု မရှိ"ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၄၂ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ အင်ဂျင်နီယာတစ်ဦး လိုက်ပါသွားခဲ့ကြတယ်လို့ လေကြောင်းလိုင်းက အတည်ပြုထုတ်ပြန်ထားပါတယ်။

သေဆုံးသူများထဲမှာ နိုင်ငံခြားသား သုံးဦးပါဝင်ပြီး သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့ရဲ့ နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သလို တရုတ်နိုင်ငံပိုင် မီဒီယာကလည်း ၎င်းတို့ရဲ့ နိုင်ငံသားတစ်ဦး သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required