Eleven Media စီအီးအိုနှင့် အယ်ဒီတာချုပ်အား ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာ မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့ တစ်ချို့ အစိုးရအား တိုက်တွန်း

Eleven Media စီအီးအိုနှင့် အယ်ဒီတာချုပ်အား ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာ မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့ တစ်ချို့ အစိုးရအား တိုက်တွန်း
ဓာတ်ပုံ- သူရ / မဇ္ဈိမ

Eleven Media စီအီးအိုနှင့် အယ်ဒီတာချုပ်အား ဖမ်းဆီးထားခြင်းမှ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာ သတင်းမီဒီယာ နှင့် လူ့အခွင့်အရေးအဖွဲ့တစ်ချို့က အစိုးရအား တိုက်တွန်းလိုက်သည်။

နိုဝင်ဘာ ၁၁ ရက်က စီအီးအိုဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တာမွေရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

နောက်ပိုင်းတွင်  ၎င်းတို့အား အင်းစိန်အကျဉ်းထောင်သို့ ပို့ခဲ့ပြီး နိုဝင်ဘာ ၂၅ နောက်ထပ်ရုံးချိန်း ကြားနာမည်ဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ထင်မြင်ချက်ရေးသားပိုင်ခွင့်များကို ထိန်းချုပ်နှိမ်နင်းရန် ဥပဒေကို အသုံးချခြင်း မဖြစ်ဖို့မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း Asia News Network က ထုတ်ပြန်သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ဒေသတွင်း ဒါရိုက်တာဖြစ်သူ ရာဖန်ဒီဒီဂျာမန်ကလည်း “ထိုပုဂ္ဂိုလ်နှစ်ဦးကို ဖမ်းဆီးတာက NLD ဦးဆောင်တဲ့ အစိုးရရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖော်ဆောင်ပါတယ်ဆိုတဲ့အပေါ် စိုးရိမ်စရာ ဖြစ်လာစေတယ်။”ဟု ပြောခဲ့သည်။

နိုဝင်ဘာ ၆ ရက်က Daily Eleven သတင်းစာပါ “ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း” အယ်ဒီတာအာဘော်တွင် ထည့်သွင်းရေးသားချက်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven မီဒီယာဂရု၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required