ငရုတ်သီးမှုန့်များတွင် Aflatoxin တွေ့ရပါက တစ်ပတ်အတွင်း market recall လုပ်ရမည်

ငရုတ်သီးမှုန့်များတွင် Aflatoxin တွေ့ရပါက တစ်ပတ်အတွင်း market recall လုပ်ရမည်

ရန်ကုန်၊နိုဝင်ဘာ ၁၂ ။              ။ ငရုတ်သီးမှုန့် လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ငရုတ်သီးမှုန့်များတွင် Aflatoxin တွေ့ရပါက တစ်ပတ်အတွင်း market recall လုပ်ရမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန(နေပြည်တော်) ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးသန်းထွဋ်က ပြောကြားသည်။

နိုဝင်ဘာ ၁၂ရက်နေ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့သည့် စျေးကွက် အတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်များတွင် Aflatoxin နှင့် ဆိုးဆေးများ စစ်ဆေးတွေ့ရှိသည့် ကိစ္စနှင့် ပက်သက်၍  ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ထုတ်လုပ်သူ၊ သိုလှောင်သူ၊ဖြန့်ဖြူးသူ၊ ရောင်းချသူများ ဘက်က  Aflatoxin တွေ့တယ်ဆိုတဲ့ ငရုတ် သီးမှုန့်တွေ ကို market recall လုပ်ရပါမယ်၊ ဒီအတွက် တစ်ပတ်အချိန်ပေးထားတယ်၊ market recall လုပ်ပြီးရင် ကျန်း မာရေးနဲ့ အား ကစားဝန်ကြီးဌာနမှာ မြို့နယ်အဆင့်မှာ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အစားအသောက် နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီကို အကြောင်း ကြားရမယ်၊ ဒါမှမဟုတ် စားသုံးသူရေးရာ ဦးစီးဌာနကိုလည်း အကြောင်း ကြားနိုင်တယ် " ဟု ဦးသန်းထွဋ်က ဆိုသည်။

recall လုပ်ပြီးသည့် အထောက်အထားများကို ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယို မှတ်တမ်းတင်ရမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ် များ ကြပ်မတ်မှုအောက်တွင် ပြန်ရယူပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနကို report လုပ်ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဒုတိယညွှန်ကြားရေးမှူးချူပ်(FDA) ဒေါက်တာခင်ချစ်(ဒေါ်)က " Aflatoxin B1၊ B2 ၊M1၊ M2၊ G1၊ G2 ဆိုပြီး ရှိတယ်၊ Aflatoxin B1၊ B2 က အသည်းကင်ဆာဖြစ်စေနိုင်ပြီးတော့ ငရုတ်သီးမှုန့် ၊မြေပဲ၊   ပြောင်း၊ မဆလာနဲ့ ငရုတ်ကောင်းမှုန့်တွေ  မှိုတက်တဲ့ အချိန်၊ စိုထိုင်းစများတဲ့ အချိန်တို့မှာ  toxin ဖြစ်လာတာပါ " ဟု ဆိုသည်။

စက်တင်ဘာလအတွင်း ပြည်တွင်းစျေးကွက်များ၌ ငရုတ်သီးမှုန့်(အကြမ်းမှုန့်၊အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်)များ ကိုစစ်ဆေးခဲ့ရာ နမူနာ(၆၃၅)မျိုး အနက် Aflatoxin B1 ပါ၀င်မှု(၃၈၇)မျိုးနှင့် RodamineB(+) ပါ၀င်မှု(၂)မျိုးကို  စီစစ် တွေ့ရှိထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required