Robbie Williams က David Bowie ရဲ့ လူကြိုက်အများဆုံး အယ်လ်ဘမ်ဇယားစံချိန်ကို ချိုးဖျက်

Robbie Williams က David Bowie ရဲ့ လူကြိုက်အများဆုံး အယ်လ်ဘမ်ဇယားစံချိန်ကို ချိုးဖျက်

ဗြိတိန်တစ်ကိုယ်တော် အနုပညာရှင်စာရင်းမှာ နံပါတ်တစ် တေးအယ်လ်ဘမ် အများဆုံးရရှိတဲ့ စံချိန်ကို Robbie Williams က ချိုးဖျက်လိုက်ပါပြီ။

သူ့ရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ်ဖြစ်တဲ့ The Heavy Entertainment Show ဟာ  ၄င်းရဲ့ပွဲဦးထွက်မှာပဲ ယခုအပတ်ရဲ့ အယ်လ်ဘမ်ဇယား ထိပ်ဆုံး နံပါတ်တစ်ကို ရောက်ရှိလာခဲ့ပါတယ်။

David Bowie ရဲ့ဇယားထိပ်ရောက်ခဲ့တဲ့ အယ်လ်ဘမ်အရေအတွက်ဟာ ဆယ့်တစ်ကြိမ် ရှိခဲ့ပြီး Robbie Williams ရဲ့အယ်လ်ဘမ်ကတော့ ဆယ့်နှစ်ကြိမ်မြောက် ထိပ်ဆုံးကို ရောက်တဲ့ အယ်လ်ဘမ်   ဖြစ်ခဲ့တာကြောင့် စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာ Robbie Williams ဟာ ဇယားနံပါတ်တစ်ကို ရောက်ခဲ့တဲ့ အယ်လ်ဘမ်အရေအတွက်မှာ Madonna နဲ့အကြိမ်ရည်တူ သွားပေမယ့်လည်း The Beatles အဖွဲ့ဲရဲ့ ၁၅ ကြိမ်နဲ့ Elvis Presley ရဲ့ ၁၃ ကြိမ် ကိုတော့ လိုက်မှီဖို့ လိုပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required