ဖိလစ်ပိုင်သမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ နှစ်ဦးအတူ ကာရာအိုကေ သီဆိုမှု ဗီဒီယိုကလစ် နာမည်ကြီး

ဖိလစ်ပိုင်သမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ နှစ်ဦးအတူ ကာရာအိုကေ သီဆိုမှု ဗီဒီယိုကလစ် နာမည်ကြီး
(ဓာတ်ပုံ - အီးပီအေ)

ဖိလစ်ပိုင်သမ္မတနဲ့ မလေးရှားဝန်ကြီးချုပ် နှစ်ဦးရဲ့ "Sha-La-La-La-La" စုံတွဲ သီဆိုမှု ဗီဒီယိုဖိုင်တစ်ခုက အရှေ့တောင်အာရှရှိ လူမှုရေးကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှနေတာကို တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံကို နှစ်ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇတ်မှ ဂုဏ်ပြုညစားစာပွဲမှာ ခေါင်းဆောင် နှစ်ဦး အတူတကွ သီဆိုခဲ့ကြာတာဖြစ်ပါတယ်။

ကာရာအိုကေ ဝါသနာအိုး ဒူတာတေးက  "Wind Beneath My Wings"၊  ၁၉၈၂ ခုနှစ် Bette Midler သီချင်းတို့နဲ့ ညစာစားပွဲကို ဖွင့်လှစ်လိုက်ပြီး နောက်မှာတော့ ဝန်ကြီးချုပ် ရာဇတ်က Cliff Richard ရဲ့ နာမည်ကြီး the Young Ones နှင့် The Shadows ကို သီဆိုခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးက ဒိန်းမတ်ဂီတအဖွဲ့ "Walkers" ရဲ့ ၁၉၇၃ ခုနှစ်က "Sha-La-La-La-La" ရဲ့ တေးသွားကို အတူတကွ သီဆိုပြီး ညစာစားပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required