အကျိုးစီးပွားတစ်စုံတစ်ရာရှိ၍့ လက်မှတ်မထိုးခြင်း မဟုတ်ဘူးဟု ခူးဦးရယ်ပြော

အကျိုးစီးပွားတစ်စုံတစ်ရာရှိ၍့ လက်မှတ်မထိုးခြင်း မဟုတ်ဘူးဟု ခူးဦးရယ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။             ။ NCA လက်မှတ်မထိုးရသေးခြင်းသည် အကျိုးစီးပွားတစ်စုံတစ်ရာရှိ၍ မဟုတ်ဘဲ အားလုံးပါ၀င်မှု မရှိသေးခြင်းသည် ပြဿနာတစ်ခုလုံးကို ဖြေရှင်းရာ မရောက်သေးသောကြောင့်ဟု   နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိ နှိုင်းရေးအဖွဲ့ (DPN) အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြောဆိုလိုက်သည်။

DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရ ဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ဖြစ်သည်။

“ကျွန်တော်တို့ ရပ်တန့်နေသလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နည်းလမ်းအသွယ်သွယ်နဲ့ အဖြရှာရမယ်ဆိုတဲ့ သံဋိဌာန်ချမှုရှိပြီးသားဆိုတာ အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့က ခေါင်းမာလို့ စိတ်ဆန္ဒမရှိလို့ ငြိမ်းချမ်းရေးမလိုခြင်လို့ အကျိုးစီးပွားတစ်စုံတစ်ရာရှိလို့ဆိုတဲ့ အမြင်ဟာ လုံးဝ လုံးဝမဟုတ်ဘူးဆိုတာကို ကျွန်တော် အတိအလင်းပြောချင်ပါတယ် “ ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  တွင် " ငြိမ်းချမ်းရေး ကော် မရှင် " ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့့်   နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့( DPN ) ခေါင်းဆောင် ဦးခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့သည့် တတိယ အကြိမ်အစည်းဝေး အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းဝေးသို့ အစိုးရ ဘက်မှ (၉) ဦး DPN ဖက်မှ (၁၁) ဦးတက်ရောက်ခဲ့ကြပြီး အပစ်ရပ်လက် မှတ်ရေးထိုးရာတွင် အ ထောက်အကူဖြစ်မည့် အချက်များကိုဆွေးနွေးခဲ့ကြသည်။

“ NCA သဘောတူညီချက်ကို လက်မှတ်ရေးထိုးရင် ခိုင်မာတဲ့ သဘောတူညီချက်တစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့ နည်းလမ်းရှာနေတာဖြစ်ပါတယ် " ဟု ခူဦးရယ်က ပြောသည်။

DPN နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံရသည့် အဓိက အကြောင်းရင်းမှာ NCA လက်မှတ် ထိုးနိုင်ရေးအတွက် ၎င်း တို့ဘက်မှ တောင်းဆိုထားသည့် အချက် ၉ ချက်ကို အစိုးရထံမှ သဘော တူညီမှုရရန် ဆွေးနွေးကြရေး ဖြစ်သည်ဟု သိ ရသည်။

DPN တောင်းဆိုထားသည့် အချက်များမှာ တနိုင်ငံလုံးအပစ်ရပ်ကို နှစ်ဦးနှစ်ဖက် ကြေညာရေး၊  ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး၊  နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် သတ်မှတ်ရေး၊  အပစ်ရပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် နိုင်ငံတကာမှ ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီဖွဲ့ရေး၊  တိုင်းရင်းသား ဒေသများတွင် ဒေသခံ ပြည်သူများကို ထိခိုက်စေမည့် စီမံကိန်းများ ပြုလုပ်မည်ဆိုပါက သဘာဝသယံဇာတများ ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင် ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများ အတိုင်း ဒေသခံပြည်သူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရေးဟူသည့် အချက်များကို သ ဘောတူမှသာ NCA ကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် အပစ်ရပ်လက်မှတ်မထိုးမီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည်ချထားရေး ကိစ္စရပ်များ ကြိုတင် သဘောတူရေး အချက်များလည်းပါရှိသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့နှင့် နိုဝင်ဘာလကုန်ပိုင်းတွင် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများကို ကျင်းပရန် စီစဉ်ထားပြီး NCA ပါ မူဘောင်များအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသာ ပါဝင်ခွင့်ရမည် ဖြစ်ပြီး လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များရှိသည့်   ပြည်နယ် များတွင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင် မည် မဟုတ်ပေ။

ထို့ကြောင့် DPN ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး ကော်မရှင်သည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မတိုင် ခင် NCA လက်မှတ်ထိုးနိုင်ရေးအတွက် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required