ရုပ်ရှင်အစည်းအရုံးမှ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကို တရားစွဲဆိုမှု ပြန်လည်ရုပ်သိမ်း

ရုပ်ရှင်အစည်းအရုံးမှ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကို တရားစွဲဆိုမှု ပြန်လည်ရုပ်သိမ်း

ရန်ကုန်၊နိုဝင်ဘာ ၁၀ ။             ။ အာရုဏ်ဦးဂျာနယ်ပါ ဖော်ပြချက်များအရ ဒါရိုက်တာမောင်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးမှ တရားစွဲဆိုထားမှုများကို ပြန်လည် ရုတ်သိမ်းပေးသွားမှာ ဖြစ်တယ်လို့   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောဆိုချက်တွေက ရုပ်ရှင်အစည်းအရုံး ဂုဏ်သိက္ခာကို ထိခိုက် စေခဲ့တာဖြစ်လို့ ၄င်းပြောဆိုခဲ့တဲ့ စကားများအတွက် ရုပ်ရှင်အစည်းအရုံး နာယကကြီးများရှေ့တွင် တရားဝင် ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့တဲ့အတွက် ရုပ်ရှင်အစည်းအရုံး ဘက်မှလည်း တရားစွဲဆိုထားမှုကို ပြန်လည် ရုပ်သိမ်းပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly