ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဂါရတ်ဘေးလ် ခြောက်ကြိမ်မြောက် ရရှိ

ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဂါရတ်ဘေးလ် ခြောက်ကြိမ်မြောက် ရရှိ

နိုဝင်ဘာ ၉၊ ဝေးလ် ။                ။ ၂၀၁၆ ခုနှစ်အတွက် ဝေးလ်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးယဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က ဆွတ်ခူးရရှိသွားခဲ့သည်။ ဂါရတ်ဘေးလ်သည် ထိုဆုကို ခြောက်ကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး လေးနှစ်ဆက်တိုက် ရရှိခြင်းလည်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်က ပထမဆုံးဆုရရှိခဲ့ပြီး ထို့နောက်တွင် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များ၌ ရရှိခဲ့ခြင်း ဖြစ်သည်။

ကစားသမားများနှင့် ပရိသတ်များက ရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆုကိုမူ စတုခ်စီးတီးကွင်းလယ်ကစားသမား ဂျိုးအလန်က ရရှိသွားခဲ့သည်။ ဂျိုးအလန်သည် ယူရိုပြိုင်ပွဲကြီးတွင်   ဝေးလ်အသင်း၏ကွင်းလယ်၌ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း စတုခ်စီးတီးအတွက် ခြေစွမ်းပြလျက်ရှိသည်။

နည်းပြ ခရစ္စကိုးလ်မန်းမှာ ယူရိုပြိုင်ပွဲတွင် ဝေးလ်အသင်းကို ဆီမီးဖိုင်နယ်အထိပို့ဆောင်ပြီး သမိုင်းသစ်ရေးထိုးပေးခဲ့သောကြောင့် ဝေးလ်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်သော အထူးဆုကိုရရှိခဲ့သည်။

ယူရိုပြိုင်ပွဲတွင် စွမ်းဆောင်မှုများအတွက် ဆုလေးဆု ပေးအပ်ခဲ့ရာတွင်မူ အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးက ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး တိုက်စစ်မှူး   ရော့ဆင်ကနူးမှာ ကွာတားဖိုင်နယ်တွင် ဘယ်လ်ဂျီယံအသင်းဘက်သို့သွင်းယူသောဂိုးဖြင့် အကောင်းဆုံးဂိုးဆုကို ရရှိသွားခဲ့ကြသည်။

အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီးကစားသမား နာတာရှာဟာဒင်းက ဆွတ်ခူးရရှိသွားခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required