မိန်းကလေးတွေ ဘယ်လိုပုံစံနဲ့ ဆွဲဆောင်မှု ရှိလဲဆိုတာကိုသိချင်တယ်လို့ တောင်းဆိုလာကြတယ်။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်းတွေသိချင်တဲ့ မေးခွန်းကို လိုက်မေးကြည့်လိုက်ရအောင်။
ကျွန်တော်ကတော့ ယောက်ျားလေးတွေတောင် တစ်ယောက်နဲ့ တစ်ယောက် တူမယ်တော့မထင်ဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်မှာတော့ မိန်းကလေးတွေက မြန်မာလူမျိုးတွေ ဖြစ်တာလည်း ပါတာပေါ့နော် အဲ့အတွက်ကြောင့်မို့လို့ မြန်မာဆန်ဆန်လေးပေါ့နော် အကယ်၍ ခေတ်ဆန်ခဲ့မယ် ဆိုလို့ရှိခဲ့ရင် အရမ်းကြီးခေတ်လွန်သွားတာမျိုး မဟုတ်ပဲနဲ့ ရိုးရိုးရှင်းရှင်းပေါ့နော် အဲ့လိုမျိုးကို ကျွန်တော်ပိုပြီး ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော့်အထင်မှာ မိန်းကလေးက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ကိုရီးယားစတိုင်လို K-Pop အဲ့လိုမျိုး T-Shirt လေးတွေနဲ့ဆို ပိုအဆင်ပြေတယ် အဲ့လိုမျိုးကြိုက်တယ် မိန်းကလေး တွေကတော့ မြန်မာဆန်ဆန်လေးတွေ ဝတ်မယ် သနပ်ခါးလိမ်းထားမယ် ဆိုလို့ရှိရင် ပိုပြီးဆွဲဆောင်မှု ရှိမယ်လို့ ထင်တယ်။
ကျွန်တော့် အမြင်မှာကျတော့ ဘယ်လိုပြောရမလဲဆိုရင် free style နဲ့ပေါ့နော် ပွင့်ပွင့်လင်းလင်းနဲ့ အဲ့လိုမျိုးနေတဲ့ထိုင်တဲ့ မိန်းကလေးမျိုးဆို ကျွန်တော်သဘောကျတယ်။ ကျွန်တော့် အမြင်နဲ့ကတော့ မြန်မာဆန်ဆန် ပုံစံမျိုးနဲ့ပေါ့နော် ရင်ဖုံးနဲ့ ထမိန်နဲ့ အဲ့လို ပုံစံမျိုးလေးတွေပဲ ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်ပါတယ်။
Sexy ကျကျ ဝတ်စားဆင်ယင်မှုနဲ့ ဆွဲဆောင်မှုရှိတယ်လို့ မြင်ပါတယ်။ ကျွန်တော့်အမြင် မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကောင်မလေးတွေကို သဘောကျတယ်။ ဒီခေတ် ဒီအခါနဲ့တော့ နည်းနည်း sexy ကျကျလေးတွေက ပိုဆွဲဆောင်မှုရှိတာပေါ့ ဒါပေမယ့်သူဟာနဲ့သူကတော့ အကုန်လုံးက လှပါတယ်။
ကျွန်တော့် အမြင်မှာ ဆိုလို့ရှိရင်တော့ မိန်းကလေးတွေက မြန်မာဆန်ဆန်နဲ့ ဝတ်တာမျိုးကိုတော့ သဘောကျပါတယ်။
များသောအားဖြင့် မြန်မာဆန်ဆန်ဝတ်တတ်တဲ့ မိန်းကလေးမျိုးတွေပြီးတော့ ဆံပင်ရှည်ရှည်ပေါ့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေ အဲ့လိုပုံစံမျိုး ပြီးတော့ ကလေးလို မျိုဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေ အဲ့လိုကောင်မလေးတွေကိုတော့ ဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်။
ကလေးဆန်ဆန် ပုံစံလေးတွေပေါ့ များသောအားဖြင့် နောက်ပြီးတော့ ပွင့်ပွင့်လင်းလင်းနေတတ်တယ် အေးအေးဆေးဆေးပဲ သူငယ်ချင်းပေါင်းလည်းပေါင်းလို့ရတယ် အဲ့လိုပုံစံလေးတွေပေါ့ ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ထင်တယ်။
မြန်မာဆန်ဆန်လေးပေါ့ ဆံပင်အရှည်လေးနဲ့ ရင်ဖုံးထမိန်လေးနဲ့ဆို အရမ်းကြိုက်ပါတယ် ဒီဘက်ခေတ် ပေါင်တိုတွေ ဘာတွေတော့ ကျွန်တော်စိတ်မဝင်စားဘူး အထင်မကြီးဘူးပေါ့ ။
ကျွန်တော့်အမြင် မိန်းကလေးတွေ ဆွဲဆာင်မှုရှိတဲ့ ပုံစံမျိုးက မြန်မာဆန်သည်ဖြစ်စေ မဆန်သည်ဖြစ်စေပေါ့နော် အဓိကက စိတ်ဓာတ်ပေါ့ စိတ်ဓာတ်သူပြောချင်တာကို ရဲရဲဝံ့ဝံ့ပြောနိုင်ရမယ်။ သူလုပ်ချင်တာကို ရဲရဲဝံ့ဝံံလုပ်နိုင်ရမယ်ဗျာ။ အခုမိန်းကလေးတွေရှိတယ် အားနာနေတာတွေ အဲ့လိုမျိုး မပြတ်သားတာတွေရှိတယ် အဲ့လိုမျိုးကျရင်တော့ သိပ်အဆင်မပြေဘူးပေါ့ ဘာလို့လဲဆိုတော့ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာၤးလေးပဲဖြစ်ဖြစ်ပေါ့နော် မိန်းကလေးချည်းပဲ မဟုတ်ဘူး ပြတ်သားသင့်တာကို ပြတ်သားရမယ် ပြောသင့်တာကို ပြောရမယ် အဲ့လိုမျိုး မိန်းကလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်။
(ဤအစီအစဉ်သည် မဇ္ဈိမ မီဒီယာမှ စီစဉ်ထုတ်လုပ်သည့် YOPE လူငယ်အစီအစဉ်တွင် ပါရှိသည့် အင်တာဗျူးဖြစ်သည်။ YOPE အစီအစဉ်များကို https://www.facebook.com/yopemyanmar/ သွားရောက် ကြည့်နိုင်သည်။)