အီတလီနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်း မြေငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်

အီတလီနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်း မြေငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်
(ဓာတ်ပုံ - အီးပီအေ)

သြဂုတ်လက ငလျင်ကြောင့် လူ ၃၀၀ နီးပါး သေဆုံးခဲ့တဲ့ အီတလီနိုင်ငံ၊ မြောက်ပိုင်းနေရာကနေ မိုင် ၆၀ ခန့်အကွာမှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်းထန်တဲ့ မြေငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒက ဆိုပါတယ်။

ဗစ်ဆိုမြို့မြောက်ဘက် ၂ မိုင်အကွင်နှင့် ပီရူဂျာမြို့မှ ၃၆ မိုင်အကွာမှာ ဒုတိယငလျင်ဖြစ်တဲ့ ပြင်းအား (၆.၁) လှုပ်ခတ်သွားတယ်လို့ USGS က ဖော်ပြခဲ့ပါတယ်။

အဲဒီအစောပိုင်း နာရီအနည်းငယ်မှာ အဆိုပါဒေသတွေမှာပဲ ပထမငလျင် ပြင်းအား (၅.၅) လှုတ်ခတ်သွားခဲ့ပါတယ်။ ANSA အရ  ပထမငလျင်ဟာ အောက်တိုဘာ ၂၆ ရက် ဒေသစံတော်ချန် ည ၇ နာရီမှာ ပီရူဂျာနှင့် Macerata အကြားမှာ လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ယခုအချိန်ထိတော့ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု သတင်းများ မရှိသေးပေမယ့် ငလျင်ကြောင့် အနည်းဆုံး ဗစ်ဆိုမြို့နှင့် အခြားမြို့မှာ ပျက်ဆီးမှုများရှိခဲ့ပါတယ်။

Ref; CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required