ဖိလစ်ပိုင်က အမေရိကန်တပ်များ ထွက်ခွာသွားစေလိုကြောင်း ဒူတာတေးပြော

ဖိလစ်ပိုင်က အမေရိကန်တပ်များ ထွက်ခွာသွားစေလိုကြောင်း ဒူတာတေးပြော

မနီလာ၊ အောက်တိုဘာ ၂၆ ။       ။ အမေရိကန်တပ်များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်နိုင်သမျှ နှစ်နှစ်အတောအတွင်း ထွက်ခွာသွားစေလိုကြောင်း သမ္မတဒူတာတေးက ပြောသည်။

ဂျပန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိစဉ် ဒူတာတေးက ပြောဆိုရာ၌ လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ အတွက်လည်း တိုက်တွန်းပြောဆိုသည်။

လက်ရှိကာကွယ်ရေးပဋိညာဉ်အရ ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်စစ်အခြေစိုက်စခန်း ငါးခု တပ်စွဲခွင့်ရှိနေသည်။

ဒူတာတေးအနေဖြင့် သမ္မတဖြစ်ချိန်မှစကာ ရေရှည်မဟာမိတ်နှင့် ယခင်ကိုလိုနီဟောင်းဖြစ်သော အမေရိကန်ကို ခွာကာ တရုတ်ရှေးရှုသည့် မိတ်ဖက်ပြုမှုကို အလေးအနက်ထား ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်မှာ လိုလားဆန္ဒရှိနေတယ်။ ဒါကတော့ ဖြစ်နိုင်ရင် နှစ်နှစ်အတွင်း ကျွန်တော့် နိုင်ငံတွင်းမှာ နိုင်ငံခြားတပ်များ မရှိတော့တာကို လိုချင်တယ်။ သူတို့ကို ထွက်သွားစေချင်ပြီ။”ဟု အောက်တိုဘာ ၂၆ ရက်က
တိုကျိုတွင် ကျင်းပသော ဖိုရမ်တစ်ရပ်၌ ဒူတာတေးက ပြောခဲ့သည်။

ထိုပြင် အမေရိကန်နှင့် လက်ရှိသဘောတူညီချက်များကို ဖြစ်နိုင်ရင် ပယ်ဖျက်ရန်နှင့် တရုတ်နှင့် ပိုမိုနီးကပ်ရန် လိုလားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required