အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်တွင် တိုက်ပွဲဖြစ်၍ ကလေးနှစ်ဦး အပါအဝင် လေးဦးသေဆုံး

အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်တွင် တိုက်ပွဲဖြစ်၍ ကလေးနှစ်ဦး အပါအဝင် လေးဦးသေဆုံး

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၅ ။               ။ တင်းမာမှုများ မြင့်တက်နေသည့် နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်ကြား နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲဖြစ်၍ စစ်သားတစ်ဦး အပါအဝင် ကလေးနှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးကြောင်း နှစ်ဖက်စလုံးက တာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက်က ပြောသည်။

အိန္ဒိယစစ်တပ်ဖက်က အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် မိမိတို့ နယ်စပ်ဖက်၌ ၁၈ လအရွယ်ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးကြောင်း ပါကစ္စတန်စစ်တပ်ဖက်က ပြောသည်။

ပစ်ခတ်မှုမှာ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားနှင့် ပါကစ္စတန် ပန်ဂျပ်ပြည်နယ်ကြား ဟာပယ်၊ ပက်ခလန်းနှင့် ချာဝက်ကျေးရွာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံဖက်ကလည်း နယ်စပ်တွင် ပစ်ခတ်မှုဖြစ်၍ နယ်စပ်လုံခြုံရေးအစောင့်တစ်ဦးနှင့် ခြောက်နှစ်အရွယ် ယောက်ကျားလေးတစ်ဦး သေဆုံးကြောင်း ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အခြားအရပ်သား ခြောက်ဦး ဒဏ်ရာရကြောင်း အိန္ဒိယရဲ တာဝန်ရှိသူတစ်ဦးက အမည်မဖော်ဘဲ ပြောသည်။

စက်တင်ဘာလအတွင်းက ပါကစ္စတန်လက်ချက်ဟု အိန္ဒိယက စွပ်စွဲထားသော စစ်အခြေစိုက်စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရ၍ အိန္ဒိယစစ်သား ၁၉ ကျဆုံးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးက တင်းမာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required