ထိုင်းနန်းတော်ရှေ့တွင် များစွာသော လူအုပ်ကြီးက တော်ဝင်သီချင်းအား သံပြိုင်သီဆို

ထိုင်းနန်းတော်ရှေ့တွင် များစွာသော လူအုပ်ကြီးက တော်ဝင်သီချင်းအား သံပြိုင်သီဆို

ဘန်ကောက်၊ အောက်တိုဘာ ၂၃ ။         ။ ဆယ်စုနှစ်ခုနစ်နှစ်စာ ထီးနန်းစိုးစံခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က ကံတော်ကုန်နတ်ရွာစံခဲ့သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအား ဂုဏ်ပြုအမွှမ်းတင်ခြင်းအဖြစ် ထိုင်းနန်းတော်ရှေ့တွင် အောက်တိုဘာ ၂၂ ရက်က များစွာသော လူအုပ်ကြီးက တော်ဝင်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။

ပြည်သူတို့၏ ဖခင်သဖွယ်ဖြစ်နေသော သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်သည့် ဘုရင်ကြီးအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်ကို အစိုးရက တစ်နှစ်ကြေညာထားသည်။ ရှေးရိုးအစဉ်အလာ ဘုရင်တစ်ပါးဖြစ်သော်လည်း နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများတွင် သြဇာညောင်းမှုရှိသော ဘုရင်တစ်ပါးလည်းဖြစ်သည်။

အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကြသော ပြည်သူများက ဘတ်စ်ကားများ၊ လှေများနှင့် ခြေလျင်လာရောက်ခြင်းတို့ဖြင့် နန်းတော်အပြင်ဖက် တော်ဝင်များ ဈာပနာပြုရာနေရာတွင် စုရုံးရောက်ရှိကာ တော်ဝင်သီချင်းအား သံပြိုင်သီကျူးခြင်းဖြစ်သည်။

လာရောက်ကြသည့် ပြည်သူအင်အားက တစ်သိန်းခွဲကျော်ထက်မနည်းရှိကြောင်း ရဲများက ပြောသည်။

Sansoen Phra Barami ဆိုသည့် တော်ဝင်သီချင်းအား ထိုင်းနိုင်ငံတွင်းရှိ ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ဘုရင်မင်းမြတ်၏ လုပ်ဆောင်လှုပ်ရှားမှုများနောက်ခံဖြင့် ထုတ်လွှင့်ကာ ရုပ်ရှင်ကြည့်သူများက ဘုရင်အား မတ်တပ်ရပ် အရိုအသေပေးခြင်းဖြင့် ဂုဏ်ပြုကြသည်။

ယခု လူအုပ်လိုက် သီဆိုမှုအား မှတ်တမ်းတင်ရိုက်ကူးထားမည်ဖြစ်ကာ ရုပ်ရှင်ရုံများ၌ ဇာတ်ကားမပြမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

“ဘုရင်ကြီး ကောင်းရာသုဂတိ လားချိန်ကစပြီး ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးမှုကို ပြသဖို့ ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားမပြသမီ တော်ဝင်သီချင်  သီဆိုဂုဏ်ပြုကြပါမယ်။”ဟု တော်ဝင်မင်းသားတစ်ပါးဖြစ်သူ က သတင်းထောက်များအား ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required