လည်ပင်းရှည် ဒိုင်နိုင်ဆော မျိုးစိတ်သစ် သြစတြေးလျမှာ ရှာဖွေတွေ့ရှိ

လည်ပင်းရှည် ဒိုင်နိုင်ဆော မျိုးစိတ်သစ် သြစတြေးလျမှာ ရှာဖွေတွေ့ရှိ
(ဓာတ်ပုံ - အီးပီအေ)

သြစတြေးလျ အရှေ့မြောက်ပိုင်းမှာ လည်ပင်းရှည် ဒိုင်နိုဆောတစ်မျိုးရဲ့ မျိုးစိတ်သစ်ကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၅ သန်းက တောင်အမေရိကတိုက်မှ သြစတြေးလျဆီ ရောက်ရှိလာခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Savannasaurus elliottorum ဒိုင်နိုဆောမှာ လည်ပင်အရှည် ၁၂-၁၅ မီတာ (၃၉-၄၉ ပေ)၊ အမြီးတိုနှင့် တင်ပါးအကျယ် ၁.၅ မီတာ ဝန်းကျင် ရှိပါတယ်။

Titanosaurs လို့လည်းခေါ်ကြတဲ့ Savannasaurus တွေဟာ အလွန်ကြီးမား မြင့်မားပြီး ကမ္ဘာပါ်နေထိုင်တဲ့ အကြီးဆုံးကုန်းမြေသတ္တဝါများဖြစ်တယ်လို့ သြစတြေးလျ ဒိုင်နိုဆော သဘာဝသမိုင်းပြတိုက် (AAOD) ရဲ့ စတီဖင် ပိုရာဖက်က ABC ရုပ်သံကို ပြောပါတယ်။

သုတေသီတွေက Savannasaurus ရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ ကိုယ်ထည်၊ ခြေလက်အင်္ဂါတွေနှင့် တင်ဆုံတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါက၂၀-၂၅ ရာခိုင်နှုန်းကိုသာ ရှာဖိုတွေ့ရှိသေးတာဖြစ်ပါတယ်လို့ ဆိုပါတယ်။

Titanosaurs ဒိုင်နိုဆောရဲ့ ပထမဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကို ကွင်းစလန်ပြည်နယ်၊ ဝင်တန်ရှိ AAOD ဥက္ကဌ David Elliot က ၂၀၀၅ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required