ချတ်ထရီယံဟိုတယ်၏ ကုသိုလ်ဖြစ် ဂေါက်ရိုက်ပြိုင်ပွဲမှ ရရှိသော အကျိုးအမြတ်များကို ကျောင်းသောက်သုံးရေသန့် နှင့် သန့်စင်ခန်းများ ပြုပြင်ရန် လှူဒါန်းမည်

ချတ်ထရီယံဟိုတယ်၏ ကုသိုလ်ဖြစ် ဂေါက်ရိုက်ပြိုင်ပွဲမှ ရရှိသော အကျိုးအမြတ်များကို ကျောင်းသောက်သုံးရေသန့် နှင့် သန့်စင်ခန်းများ ပြုပြင်ရန် လှူဒါန်းမည်

ရန်ကုန်၊ အောက်တိုဘာလ ၁၅ ။                ။ ( ၁၆) ကြိမ်မြောက် ကျင်းပသည့် ကုသိုလ်ဖြစ်ဂေါက်ရိုက်ပြိုင်ပွဲမှ ရရှိလာသော အကျိုးအမြတ်အားလုံးကို ချတ်ထရီယံဟိုတယ်က ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် သောက်သုံးရေသန့် နှင့် သန့်စင်ခန်းများပြုပြင်ရန်အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ရက် ၊ နံနက် ၁၁နာရီမှ ညနေ ၆နာရီထိ ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဂေါက် ကွင်း တွင် ပြုလုပ်သည့် (၁၆) ကြိမ်မြောက် ချတ်ထရီယံ ဟိုတယ်၏ ကုသိုလ်ဖြစ်   ဂေါက်ရိုက်ပြိုင်ပွဲ တွင်  ချတ်ထရီယံဟိုတယ် လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်ကြူကြူမော်က ပြောကြားခဲ့ခြင်း ဖြစ် သည်။

"အဓိက အမတို့လှူဒါန်းတာကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတွေ၊ ကျောင်းဆောင်တွေ၊ ရေတို့၊ အိမ်သာတို့ ၊ စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းတွေပေါ့နော်။ တစ်လျှောက်လုံး ရခဲ့တဲ့ ဟာတွေက စာသင်ကျောင်းတွေမှာပဲ လှူ  ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ၊ နောက်အပြင်က ဝေးလံခေါင်ဖျားတဲ့ စာသင်ကျောင်းတွေမှာ လှူ  ဖြစ်ပါတယ်။ အခုလည်း ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး လှူ ဒါန်းသွားမှာပါ "ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုသိုလ်ဖြစ် ဂေါက်ရိုက်ပြိုင်ပွဲတွင် ဂေါက်ဝါသနာရှင်၊ ပညာရှင် ၁၃ဝ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲ ဝင်ကြေးကို ဒေါ်လာ ၈ဝ သတ်မှတ်ထားသည့်အတွက် သိန်း ၁ဝဝကျော်ခန့် ရရှိနိုင်မည် ဖြစ် ကြောင်းနှင့် ရရှိသော ရန်ပုံငွေ များ အားလုံးကို ဆောက်လုပ်ရေး ကန်ထရိုက်တာများနှင့် ညှိနှိုင်းကာ ကျောင်းတွင်း သန့်စင်ခန်းများ ဆောက်လုပ်ပေးသွားရန် စီစဉ်ထားကြောင်း ချတ်ထရီယံဟိုတယ်မှ Marketing Communications လက်ထောက်ဒါရိုက်တာ ဒေါ်သဉ္ဇာမြတ်မွန်က ပြောသည်။

" ရန်ပုံငွေကတော့လေ သိန်း ၁ဝဝ ကျော်လောက်တော့ ပံ့ပိုးနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် အမတို့က ကျတော့ သူတို့ ကို ပိုက်ဆံ ရော့ဆိုပြီး သွားပေးလိုက်မှာ မဟုတ်ဘူး။ အမတို့က တကယ်   ဆောက်လုပ်ရေးသမားတွေကို ခေါ်ပြီးတော့မှ ပထမအဖြစ် ဘာကို ပြင်သွားမယ်။ ဒုတိယအဆင့်ဆို ဘာကိုပြင်သွားမယ်ဆိုပြီး တော့ အမတို့က အဲ့ဒီလိုမျိုး စီစဉ်ထားပါ တယ် " ဟု ၎င်းက ဆိုသည်။

ကုသိုလ်ဖြစ် ဂေါက်ရိုက်ပြိုင်ပွဲအနေဖြင့် စီးပွားရေးနှင့် လူမှုရေးပရဟိတလုပ်ငန်းကို ပူးတွဲပြုလုပ်ရခြင်းမှာ ချတ်ထရီယံဟို တယ်၏ တန်ဖိုးထားလိုက်နာသော အချက်များထဲမှ တစ်ခုဖြစ်သည့် လူမှုအဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ဆိုသောအချက်ကို အကောင်းအထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်သဉ္ဇာမြတ်မွန် ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required