ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ် နှလုံးဖောက်၍ ဆေးရုံတက်ရ

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ် နှလုံးဖောက်၍ ဆေးရုံတက်ရ

ရာမက်ရှ်၊ အောက်တိုဘာ ၆ ။             ။ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က ဆေးရုံတက်ရောက်နေရပြီး နှလုံးစမ်းသပ်မှုခံယူရမည်ဖြစ်ကြောင်း အနောက်ဖက်ကမ်းဆေးရုံတစ်ရုံက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၈၁ နှစ်အရွယ် မာမွတ်အဘတ်စ်အား နှလုံးကို စမ်းသပ်ရန်အတွက် သွေးကြောအတွင်း ပြွန်ထည့်၍ စမ်းသပ်ခြင်းဖြင့် ကုသသွားရမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်က မာမွတ်အဘတ်စ်သည် မောပန်းခြင်း ခံစားရသဖြင့် အနောက်ဖက်ကမ်း ရာမက်ရှ်မြို့ဆေးရုံသို့ တက်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ သတင်းပြောဆိုသူနှစ်ဦးစလုံးက မာမွတ်အဘတ်စ်၏ အခြေအနေနှင့် ပတ်သက်ပြီး မီဒီယာများထံ ပြောရေးဆိုခွင့်ရှိသူများ မဟုတ်ကြ၍ နာမည်ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required