ခင်ပွန်းသည်လူမည်းအမျိုးသားအား ရဲ ပစ်သတ်သည်ကို ဇနီးဖြစ်သူ ရိုက်ကူးထားသည့် ဗီဒီယို ထုတ်လွှတ်

ခင်ပွန်းသည်လူမည်းအမျိုးသားအား ရဲ ပစ်သတ်သည်ကို ဇနီးဖြစ်သူ ရိုက်ကူးထားသည့် ဗီဒီယို ထုတ်လွှတ်

နယူးယောက်၊ စက်တင်ဘာ ၂၄ ။           ။ အမေရိကန်နိုင်ငံတွင် မြောက်ကိုရိုလိုင်းနားရဲတပ်ဖွဲ့က လူမည်းတစ်ဦးကို ပစ်သတ်သည်ကို ၎င်းလူမည်း၏ ဇနီးဖြစ်သူက ဗီဒီယိုရိုက်ကူးထားနိုင်ရာ ယင်းဗီဒီယို မပစ်ရန် တောင်းပန်သံများကိုလည်း ကြားရသည်။

ရဲများက အဝိုင်းခံထားသည့် ပစ်သတ်ခံရသူ ကိတ်စကော့ကို ကားထဲက ထွက်လာရန် အဝေးတစ်နေရာတွင် ရှိနေသည့် ၎င်း၏ ဇနီးဖြစ်သူ ရာကီယီယာက ဗီဒီယိုရိုက်ကူးရင်း လှမ်းပြောသကဲ့သို့ မပစ်ရန်လည်း လှမ်းအော်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုမှာ အဝေးမှ ရိုက်ခြင်းဖြစ်၍ ပစ်ခတ်လိုက်ပုံကို မမြင်ရသကဲ့သို့ သေဆုံးသူ ကိတ်စကော့တွင် သေနတ် ကိုင်ထားမထား ရှင်းရှင်းလင်းလင်း မသိနိုင်ကြောင်း ရဲက ပြောသည်။

ရဲအရာရှိများ၏ စကော့အား သေနတ် လွှတ်ချရန် လှမ်းအော်ပြောသံများကိုလည်း ကြားရသော်လည်း ဇနီးဖြစ်သူက စကော့တွင် လက်နက်မပါကြောင်း လှမ်းအော်ပြောသံကိုလည်း ကြားရသည်။

ရှားလော့မြို့အတွင်းဖြစ်ပွားသည့် ယင်းပစ်ခတ်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၃ ညနေပိုင်းတွင် လမ်းများပေါ် ရာနှင့်ချီကာ ဆန္ဒပြခဲ့သော်လည်း ဖြစ်ပွားပြီးစ ပြီးခဲ့သည့် သုံးရက်က ဆန္ဒပြမှုများလောက် အင်အား မများတော့ပေ။

ပြည်နယ်အုပ်ချုပ်ရေးရုံးက ယင်းမြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်အမိန့် ထုတ်ထားသည်က ဒုတိယမြောက်ည ရှိပြီဖြစ်သည်။

အမည်မဖော်သည့် ရဲသတင်းရင်းမြစ်တစ်ရပ်က အခင်းဖြစ်ရာတွင် စကော့၏ လက်ဗွေရာဖြင့် မောင်းတင်ထားသော သေနတ်တစ်လက်ကို တွေ့ရှိကြောင်း ပြောသော်လည်း ရဲဌာနအနေဖြင့် တရားဝင်ထုတ်ပြန်ချက် ထုတ်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required