သုံးပွဲဆက်ရှုံးနိမ့်မှုအတွက် ဝေဖန်ပြောဆိုသူများကို 'အိုင်းစတိုင်း'များလို့ တုံပြန်လိုက်တဲ့ မော်ရင်ဟို

သုံးပွဲဆက်ရှုံးနိမ့်မှုအတွက် ဝေဖန်ပြောဆိုသူများကို 'အိုင်းစတိုင်း'များလို့ တုံပြန်လိုက်တဲ့ မော်ရင်ဟို
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် နည်းပြ ဟိုဆေးမော်ရင်ဟိုက သုံးပွဲဆက်တိုက် ရှုံးနိမ့်မှုအတွက် အသင်းနဲ့သူ့ပေါ် ဝေဖန်ပြောဆိုသူတွေကို ဘောလုံးရဲ့ 'အိုင်းစတိုင်း'များလို့ တုံ့ပြန်ပြောဆိုသွားပါတယ်။

မော်ရင်ဟိုဟာ မန်ယူနဲ့ ပထမဆုံး လေးပွဲဆက် အနိုင်ရခဲ့ပေမယ့် နောက်ပိုင်း အသင်းရဲ့ ပုံစံကောင်းမရဖြစ်ပဲဖြစ်နေပြီး အမှတ်ပေးဇယား ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ (၆) မှတ် ကွာဟပြီးနောက်မှာ မီဒီယာတွေရဲ့ အာရုံစိုက်ခံရတာလည်းဖြစ်ပါတ်။

"ကျနော်တို့ ဆိုးဝါးတဲ့ ရက်သတ္တပတ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမှာ ကမ္ဘာဘောလုံးလောကတစ်ခုလုံးမှာ အိုင်းစတိုင်းလို ဉာဏ်ကြီးရှင်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုတာ ကျနော်သိပါတယ်။ သူတို့ဟာ ကျနော် အရင်က လုပ်ခဲ့တဲ့ (၁၆) နှစ်တာ နည်းပြမှတ်တမ်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။"လို့ မော်ရင်ဟိုက MUTV ကို ပြောပါတယ်။

မန်ယူအသင်းဟာ မနေ့ညက တတိယအဆင့် လိဂ်ဖလားပွဲ အဝေးကွင်းမှာ နော်တမ်တန်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သုံးပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

"သူတို့က တပတ်အတွင်း သုံးပွဲရှုံးနိမ့်မှု ရလဒ်ဆိုးကို ပစ်မှတ်ထားပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အံ့ဖွယ်အောင်မြင်မှု သမိုင်းကြောင်းတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ ဒါပေမဲ့ ဒါက ဆန်းသစ်တဲ့ ဘောလုံးလောကပါ။ ဒါဟာ အိုင်းစတိုင်းလို ဉာဏ်ကြီးရှင်တွေ အပြည့်ပါပဲ"လို့ မော်ရင်ဟိုက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ စတုတ္ထအဆင့် လိဂ်ဖလားမှာ မန်စီးတီးနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာကြောင့် မကြာသေးမီက အိမ်ကွင်း ပရီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ရှုံးနိမ့်မှုအတွက် ပြန်လည်ချေပဖို့ အခွင့်အလမ်းပေးလာပါပြီ။

မန်ယူအသင်းဟာ အိမ်းကွင်းပွဲစဉ်တွေဖြစ်တဲ့ လက်စ်တာနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ရုရှားအသင်း ဇော်ရာလူဟန့်ခ်နဲ့ ယူရိုပါလိဂ်မှာတို့ ကစားပြီးတဲ့နောက်မှာ စတုတ်ခ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲတွေ ကစားရမှာဖြစ်ပါတယ်။ မော်ရင်ဟိုက လာမယ့် သီတင်းပတ်များမှာ မိမိတို့အသင်း အရှိန်အဟုန် ပျောက်ဆုံးနေမှုအချို့ကို ပြန်လည် ရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

"လက်ရှိ ကျနော်တို့ဟာ အိမ်ကွင်း သုံးပွဲဆက် ကစားဖို့ ရှိပြီး ဒါဟာ အိမ်ကွင်းမှာ အမြဲတမ်း ကောင်းမွန်ပါတယ်"လို့ ယခင်ရီးယဲလ်နှင့် ချယ်လ်ဆီးနည်းပြဟောင်းက ပြောပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required