ဆီဝမ်နဲ့ ယွန်နတို့ ဒရမ်မာဇာတ်ကားသစ်တွင် ပါ၀င်သရုပ်ဆောင်သွားမည်

ဆီဝမ်နဲ့ ယွန်နတို့ ဒရမ်မာဇာတ်ကားသစ်တွင် ပါ၀င်သရုပ်ဆောင်သွားမည်

ဆိုးလ် ၊ စက်တင်ဘာ ၂၂ ။        ။ တောင်ကိုရီယားအမျိုးသမီးအဆိုတော်အဖွဲ့  Girls’ Generation အဖွဲ့ဝင် ယွန်န နှင့်  အမျိုးသားအဆိုတော်အဖွဲ့ ZE:A အဖွဲ့ဝင် ဆီဝမ်တို့သည်  MBC ရုပ်သံ၏ ဒရမ်မာဇာတ်ကားသစ် “ The King Loves” တွင် ခေါင်းဆောင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ယွန်နသည် မကြာမီထုတ်လွှင့်ပြသမည့် ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  S.M အင်တာတိန်းမန့်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပြီး ဆီဝမ်သည်လည်း ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Star Empire အင်တာတိန်းမန့်က ပြောကြားခဲ့ကြောင်း  NewsN တွင် ဖော်ပြထားသည်။

ဆီဝမ်သည် ဘုရင် Wang Won အဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ယွန်သည် မက်မောစရာကောင်းလောက်အောင် လှပသည်ဟု နာမည်ကြီးသော အမျိုးသမီး  ဝမ်ဆန်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

“The King Loves” ဒရမ်မာဇာတ်ကားကို နိုဝင်ဘာလတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ယွန်နသည် “ The K2” ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required