လီမင်ဟိုနဲ့ တေလာဆွစ်ဖ်တို့ တွဲခုတ်နေတယ်လို့ သတင်းများ ထွက်ပေါ်

လီမင်ဟိုနဲ့ တေလာဆွစ်ဖ်တို့ တွဲခုတ်နေတယ်လို့ သတင်းများ ထွက်ပေါ်

တောင်ကိုရီးယားမင်းသား လီမင်ဟိုနှင့် ပေါ့ကြယ်ပွင့် တေလာဆွစ်ဖ်တို့ နှစ်ဦးတွဲနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တေလာနှင့် လီမင်ဟိုတို့သည် အသင့်တော်ဆုံးအတွဲဖြစ်လာနိုင်ကြောင်း ဆောင်းပါတစ်ခုက ဖော်ပြခဲ့ရာမှ ၎င်းတို့နှစ်ဦးတွဲနေသည်ဟု ကောလဟာလသတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တေလာသည် မင်းသားတွမ်ဟက်ဒဲလ်ဆတန်နှင့်လမ်းခွဲလိုက်ပြီးနောက် လီမင်ဟိုနှင့်တွဲနေကြောင်း ကောလဟာလသတင်းများ စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

အခြားသော ထုတ်ပြန်ချက်များကလည်း လီမင်ဟိုသည် ပြတ်လိုက်ဆက်လိုဖြစ်နေသော ရည်စား အဆိုတော် ဆူဇီနှင့်လည်း လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီသတင်းဟာ အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော်တို့လည်း အရမ်းကို စိတ်ပျက်ပြီး အံ့အားသင့်မိပါတယ်။ သူတို့နှစ်ဦးဟာ ဘယ်တုန်းကမှလည်း တွေ့ဆုံခဲ့ဖူးခြင်းမရှိပါဘူး။ သူတို့နှစ်ဦးတွဲနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု လီမင်ဟို၏အေဂျင်စီက တုံ့ပြန်ပြောကြားခဲ့သည်။

လီမင်ဟိုသည် လက်ရှိအချိန်တွင် SBS ရုပ်သံ၏ “Legend of the Blue Sea”  ရုပ်ရှင်ကားကို ဂျန်ဂျီဟွန်းနှင့်အတူ စပိန်တွင် ရိုက်ကူးလျက်ရှိသည်။

တေလာသည်  ကယ်ဗင်ဟားရစ်နှင့်  ၁၅လကြာတွဲခဲ့ပြီး လမ်းခွဲခဲ့ပြီးနောက် နှစ်ပတ်ခန့်အကြာတွင် တွမ်ဟစ်ဒဲလ်ဆတန်နှင့် ထပ်မံတွဲခဲ့သည်။ တေလာသည် တွမ်ဟစ်ဒဲလ်ဆတန်နှင့် ၃လာကြာတွဲခဲ့ပြီးနောက် ထပ်မံလမ်းခွဲခဲ့ပြီး လက်ရှိအချိန်တွင် Single ဘဝဖြင့် နေနေသော်လည်း သူမနောက်ထပ်တွဲမည့် လူစာရင်း ခန့်မှန်းပြောကြားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required