နီပေါ ကျောင်းများမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးမှု မရှိ

နီပေါ ကျောင်းများမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးမှု မရှိ
(ဓာတ်ပုံ - အီးပီအေ)

နီပေါနိုင်ငံမှာ အိမ်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံး (၆) လုံးကို ပုဂ္ဂလိကကျောင်း (၈) ကျောင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ရပ်ဟာ ကွန်မြူနစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှုများဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

နီပေါလူငယ်ကွန်မြူနစ်အင်အားစုလို့ အမည်ရတဲ့ အုပ်စုက လက်ကမ်းစာစောင်များနှင့်အတူ ပေါက်ကွဲပစ္စည်းတွေကို ထောင်ခဲ့တယ်လို့ ခတ္တမန္ဒူရဲ့ ရဲတပ်ဖွဲ့ အကြီးတန်းကြီးကြပ်ရေးမှူး Bikram Singh Thapa က ပြောပါတယ်။

လက်ကမ်းစာစောင်များအရ "ပုဂ္ဂလိကကျောင်းတွေရဲ့ မတန်တခ အခကြေးငွေယူမှုကို ဆန့်ကျင်ဆန္ဒပြတယ်လို့" ဖော်ပြထားပါတယ်။

ဗုံးနှစ်လုံးကတော့ ဒေသစံတော်ချိန် မနက် ၃ နာရီခွဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ခတ္တမန္ဒူရဲ့ ဆင်ခြေဖုံးရပ်ကွက်ရှိ Aakashdeep နှင့် Manakamana ကျောင်းများမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးနှစ်လုံးနဲ့ ပတ်သက်လို့ "ဒဏ်ရာရရှိသူ မရှိဘူးလို့ သတင်းရရှိတယ်"လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ပတ်သတ်လို့ ယင်းအဖွဲ့အစည်းဝင်မှာ ပါဝင်တဲ့ လူနှစ်ဦးကို ဖမ်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးရှင်းလင်းရေးအဖွဲ့က ပေါင်းအိုးထဲ ထည့်သွင်းပြုလုပ်တဲ့ ဗုံး (၇) လုံးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required