တိုင်ဖုန်းမုန်တိုင်း လိုင်ယန်းရော့ခ်ကြောင့် ဂျပန်တွင် သေဆုံးသူ ၁၇ ဦးထိ ရှိလာပြီး နောက်ထပ်မုန်တိုင်းသစ်လည်း ထပ်မံဝင်ရောက်နေ

တိုင်ဖုန်းမုန်တိုင်း လိုင်ယန်းရော့ခ်ကြောင့် ဂျပန်တွင် သေဆုံးသူ ၁၇ ဦးထိ ရှိလာပြီး နောက်ထပ်မုန်တိုင်းသစ်လည်း ထပ်မံဝင်ရောက်နေ

စက်တင်ဘာ ၄ ။                   ။ ဂျပန်နိုင်ငံတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖုန်းမုန်တိုင်း လိုင်းယန်းရော့ခ်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိအချိန်ထိ ၁၇ ဦးထိ မြင့်တက်လာခဲ့ပြီး လူပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အလားတူ လက်ရှိအချိန်တွင်လည်း နောက်ထပ် မုန်တိုင်းသစ်တစ်ခုက နိုင်ငံအနောက်တောင်ပိုင်းကို ဆက်လက်ခြိမ်းခြောက်နေလျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် နောက်ထပ် နှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကထုတ်ပြန်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တိုင်ဖုန်းမုန်တိုင်း နမ်သူယွန်သည် အနောက်ပိုင် ကျူရှုးကျွန်း အမာကူဆာမြို့ အနောက်တောင်ဘက်အရပ်တွင် ဝင်ရောက်နေခဲ့ကြောင်း သိရသည်။

ယင်းမုန်တိုင်းသစ်သည် တစ်နာရီလျင် လေတိုက်နှုန်း ၁၂၆ ကီလိုမီတာ ဖြင့် နိုင်ငံမြောက်ခြမ်းသို့ တစ်ဖြည်းဖြည်းချင်း ရွေ့လျားနေလျက်ရှိသည်။ ယင်းအတွက်ကြောင့် မုန်တိုင်းကြောင့်   ရေကြီးမှု၊   မြေပြိုမှုနှင့် လှိုင်းကြီးမှုများနှင့်ပတ်သက်၍ ဂျပန် မိုးလေဝသအေဂျင်စီက သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်း နမ်သီယွန် သည် စက်တင်ဘာ ၅ ရက်နံနက်ပိုင်း ကျူရှုးကျွန်း မြောက်ပိုင်းသို့ ဆက်လက်တိုက်ခတ်မည်ဟု အေဂျင်စီက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required