လီဗြောင်ဟွန်း Toronto နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တက်ရောက်မည်

လီဗြောင်ဟွန်း Toronto နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တက်ရောက်မည်

ဆိုးလ်၊ သြဂုတ် ၃၀ ။             ။ တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်းသည် မကြာမီထုတ်လုပ်ပြသမည့် ၎င်းပါဝင်သရုပ်ဆောင်ထားသော ဟောလိဝုဒ်ရုပ်ရှင်ကား “ The Magnificent Seven” ရုပ်ရှင်ကားပြသမှုအတွက်  ၄၁ကြိမ်မြောက် Toronto နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ တက်ရောက်သွားမည်ဖြစ်သည်။

လီဗြောင်ဟွန်း ၊ ဟောလိဝုဒ်ရုပ်ရှင်မင်းသားများဖြစ်သော ဒန်ဇဲလ်ဝါရှင်တန် ၊ခရစ်ပရက် ၊ အီသန်ဟော်ကီတို့ ပါဝင်သရုပ်ဆောင်ထားသော “ The Magnificent Seven” ရုပ်ရှင်ကားသည် သွေအေးအေးဖြင့် ရက်စက်သော သူခိုးများ၏ ရန်မှ ရွာတစ်ရွာကို ကာကွယ်ပေးသော ကြေစားခုနစ်ယောက်အကြောင်းကို  ပုံဖော်ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်သည်။

စက်တင်ဘာ ၈ ရက်မှ ၁၈ရက်အထိ ကျင်းပပြုလုပ်မည့် ယခုနှစ်  Toronto နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ကင်ဂျီဝမ်၏ “ The Age of Shadows” ရုပ်ရှင်ကား ၊ ကင်ဆောင်ဆို၏ “ Asura : The City of Madness” ရုပ်ရှင်ကား ၊ ပက်ခ်ချန်ဝုခ်၏ “ The Handmaiden” ရုပ်ရှင်ကားတို့အပါအဝင် အခြားသော ကိုရီးယားရုပ်ရှင်ကားများကိုလည်း ပြသသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်လက လီသည် ၁၅ကြိမ်မြောက် နယူးယော့ခ်အာရှရုပ်ရှင်ပွဲတော်တွင်  Star Asia awardဆုကိုလက်ခံရရှိခဲ့သည်။ ဒါရိုက်တာ အန်တွမ်ဖူကွာ ရိုက်ကူးသော “ The Magnificent Seven” ရုပ်ရှင်ကားကို စက်တင်ဘာ ၁၄ရက်တွင် ပြည်တွင်းရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required