တရုတ်မင်းသမီး Tang Wei သမီးဦးလေးမွေးဖွား

တရုတ်မင်းသမီး Tang Wei သမီးဦးလေးမွေးဖွား

ဆိုးလ်၊ သြဂုတ် ၂၉ ။              ။ တရုတ်မင်းသမီး  Tang Wei သည် ကျန်းမာသန်စွမ်းပြီး ချစ်စရာကောင်းသော သမီးဦးလေးမွေးဖွားခဲ့ကြောင်း ၎င်း၏ အင်စတာဂရမ်အကောင့်တွင် ကြေညာခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ ကင်ထယ်ယောင်၏ဇနီးဖြစ်သူ Tangက “ သြဂုတ်၂၇ရက်နေ့မှာ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ သမီးငယ်ရဲ့ ကိုယ်အလေးချိန်မှာ ၃ဒသမ၄၁ ကီလိုဂရမ်ရှိပါတယ်။ သမီးလေးက အရမ်းကို ကျန်းမာပါတယ်” ဟု တရုတ်ဘာသာဖြင့် ရေးသားထားသော စာသားနှင့်အတူ ၎င်း၏ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့သည်။

ပရိသတ်များက အမေတစ်ယောက်ဖြစ်လာသည့်  Tang ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ၎င်းကိုအားပေး ချစ်ခင်နေကြောင်း ပြသခဲ့သည်။Tang သည် ၂၀၀၉ ခုနှစ် “ Late Autumn” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ရာမှ ကင်နှင့် သိကျွမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်က စီးပွားရေးကြော်ငြာ ရိုက်ကူးရန်အတွက် ကိုရီးယားသို့ လာရောက်စဉ် အတွင်း  ကင်နှင့်စတင်တွဲခဲ့ခြင်းဖြစ်သည်။

Tang  နှင့် ကင်တို့သည် ၂၀၁၄ ခုနှစ်က ဆွီဒင်ကမ်းခြေတွင် လက်ထပ်ခဲ့ပြီးနောက် ဟောင်ကောင်တွင် မင်္ဂလာပွဲကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required