မန်ယူနောက်ခံလူ ဘလက်ကတ်ကို ရီးဒင်းအသင်းခေါ်ယူ

မန်ယူနောက်ခံလူ ဘလက်ကတ်ကို ရီးဒင်းအသင်းခေါ်ယူ

သြဂုတ် ၂၃၊ ရီးဒင်း။     ။  ရီးဒင်းအသင်းသည် မန်ချက်စတာယူနိုက်တက်နောက်ခံလူ တိုင်လာ ဘလက်ကတ်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ် သည်။

အသက် ၂၂ နှစ်အရွယ်ရှိကစားသမားသည် နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၂၀၁၄ သြဂုတ်တွင် ဆွမ်ဆီးနှင့်ကစားသည့် ပွဲ၌ ယူနိုက်တက်အတွက်စတင်ပွဲထွက်ခွင့်ရခဲ့သည်။

ပြီးခဲ့သည့်ရာသီက ဆဲလ်တစ်အသင်းတွင် ခြောက်လအငှားဖြင့်သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ရှစ်ပွဲ ကစားခွင့်ရခဲ့သည်။

ရီးဒင်းအသင်းသည် ပြီးခဲ့သည့် စနေနေ့က လက်စတာနောက်ခံလူ လီယန်မိုးကို ခေါ်ယူထားခဲ့သေးသည်။ သို့ဖြစ်ရာ ဘလက်ကတ်သည် နွေရာသီအတွင်း ရီးဒင်းအသင်းခေါ်ယူသည့် ၁၁ ယောက်မြောက် ကစားသမားဖြစ်လာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required