လူ့အခွင့်အရေးအုပ်စုများက ကန့်ကွက်နေခဲ့သော်လည်း အင်ဒိုနီးရှားက မူးယစ်တရားခံများကို ကွပ်မျက်

လူ့အခွင့်အရေးအုပ်စုများက ကန့်ကွက်နေခဲ့သော်လည်း အင်ဒိုနီးရှားက မူးယစ်တရားခံများကို ကွပ်မျက်

ဇူလိုင် ၂၉ ။                 ။ နိုင်ငံတွင် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော တရားခံလေးဦးအား အင်ဒိုနီးရှားအစိုးရက ဇူလိုင်လ ၂၈ ရက်က ကွပ်မျက်လိုက်ရာ နိုင်ငံတကာမှ လူ့အခွင့်အရေး အုပ်စုများဘက်မှ ဝေဖန်ပြစ်တင်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဇူလိုင်လ ၂၈ ရက်က ပြည်ပနိုင်ငံသား သုံးဦးအပါအဝင် မူးယစ်တရားခံလေးဦးကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း အင်ဒိုအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ကွပ်မျက်ခံရသူများထဲတွင် နိုင်ဂျီရီးယားနိုင်ငံသားသုံးဦးနှင့် အင်ဒို နိုင်ငံသားတစ်ဦးတို့ ပါဝင်ခဲ့ပြီး ယခု ကွပ်မျက်မှုမှာ နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်   ပြန်လည်လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်သည်။

နိုင်ငံတွင် ပြစ်မှုကြီးကျူးလွန်သူ တရားခံများအပေါ် သေဒဏ်စီရင်ကျင့်သုံးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ထပ်တလဲလဲ ပြောကြားထားပြီး မူးယစ်ဆေးဝါးကို အမြစ်ပြတ်တိုက်ဖျက်နေခြင်းကြောင့် မူးယစ်ကုန်ကူးသူများ ပြစ်ဒဏ်ကြီးကြီး ကျခံကြရမည်ဟု ပြောဆိုထားသည်။

သို့သော် ယခုကဲ့သို့ တရားခံများအား ကွပ်မျက်နေသည့် အင်ဒိုအစိုးရ၏ လုပ်ရပ်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ကန့်ကွက်တားမြစ်နေကြပြီး ယင်းလုပ်ရပ်မျိုးမှာ အလွန်တရာ ဝမ်းနည်းပူးဆွေးစရာကောင်းသည့် လုပ်ရပ်မျိုးဖြစ်သည်ဟု ပြောကြားထားကြသည်။

ဆက်လက်၍ ကျန်ရှိနေသေးသော အခြားမူးယစ်တရားခံ ဆယ်ဦးအား ပြစ်ဒဏ်စီရင်မည့်ကာလကိုမူ ခေတ္တဆိုင်းငံ့ထားလိုက်သည်ဟုလည်း သိရသည်။အဆိုပါ မူးယစ်မှုဖြင့် သေဒဏ်ကျခံနေရသူ ဆယ်ဦးထဲတွင် ပါကစ္စတန်၊ အိန္ဒိယ၊ ဇင်ဘာဘွေ နှင့် အင်ဒိုနိုင်ငံသားများ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required