လောင်းလုံးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
06 December 2023
လောင်းလုံးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)ဦးဆောင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူ များထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာတရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ အမျိုး သမီး‌လူငယ်များ၏ပူးပေါင်းပါဝင်မှုနှင့်အတူ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကား အကြမ်းဖက်မှုများအားတိုက်ဖျက်ကြရန် “အမျိုးသမီးထုရဲ့တိုက်ပွဲ အကြမ်းဖက်မှုမှန်သမျှ အဆုံးသတ် ဆင်နွှဲ” စာတန်းကိုင်းဆောင်ပြီး ချီတက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly