သန်းခေါင်စာရင်း အချက်အလက်များ ဇူလိုင် ၂၁ရက် ထုတ်ပြန်မည်

သန်းခေါင်စာရင်း အချက်အလက်များ ဇူလိုင် ၂၁ရက် ထုတ်ပြန်မည်
(ဓာတ်ပုံ-အီးပီအေ)

နိုင်ငံ၏ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ယခုလနှောင်းပိုင်းတွင် ထုတ်ပြန်မည်ဟု Anadolu Agency က ဇူလိုင် ၁၂ ရက်တွင် ဖော်ပြသည်။

ယင်းအချက်အလက်များကြောင့် နိုင်ငံရှိ မွတ်ဆလင်တို့အပေါ် ပြဿနာများ ဦးတည်ကျရောက်စေနိုင်သည်ဟု လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်နေကြသည်။

၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် သန်းခေါင်းစာရင်းမှ နိုင်ငံရှိ ကိုးကွယ်ရာဘာသာဆိုင်ရာ ဒေသအလိုက် အချက်အလက်များကို ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်မည်ဟု အစိုးရအရာရှိတစ်ဦးက Anadolu Agencyသို့ ပြောသည်။

သို့သော် လူမျိုး၊ ဇာတိနှင့် ပတ်သက်သည့် သန်းခေါင်စာရင်းအချက်အလက်များ ထုတ်ပြန်မည့်ရက်ကိုမူ မဆုံးဖြတ်ရသေးကြောင်း အလုပ်သမား၊ လူဝင်မှုနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြခိုင်၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ သတင်းအေဂျင်စီတွင်ဖော်ပြထားသည်။

လက်ရှိလက်ခံထားကြသော လူမျိုးပေါင်း ၁၃၅ မျိုးဖြင့်မှီတင်းနေထိုင်နေသော နိုင်ငံ၏ လူမျိုးဇာတိဆိုင်ရာ သန်းခေါင်စာရင်းအချက်အလက်များ ထုတ်ပြန်ရန်ကိစ္စမှာ အဆင်မပြေဖြစ်နေသေးကြောင်း နှင့် ယင်းကိစ္စရပ်မှာ အခြားသော ကိစ္စရပ်များထက် ပိုမိုရှုပ်ထွေးနေကြောင်း ဦးမြခိုင် ကို ကိုးကား၍ ယင်းသတင်းထဲတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းသည် နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required