ဝေးလ်အသင်း၏ အချိန်ရောက်လာပြီဟု စီရော်နယ်ဒိုကို ဂါရတ်ဘေးလ်သတိပေး

ဝေးလ်အသင်း၏ အချိန်ရောက်လာပြီဟု စီရော်နယ်ဒိုကို ဂါရတ်ဘေးလ်သတိပေး

ဇူလိုင် ၃၊ ပြင်သစ်။             ။ ဝေးလ်အသင်း၏တိုက်စစ်မှူး ဂါရတ်ဘေးလ်က ဝေးလ်အသင်း၏ အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း စီရော်နယ်ဒိုကို သတိပေး ပြောဆိုလိုက်သည်။

ဝေးလ်အသင်းသည် ယူရိုပြိုင်ပွဲပထမဆုံးဝင်ပြိုင်ရသည့်အကြိမ်တွင် ဆီမီးအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး စီရော်နယ်ဒို ဦးဆောင် သည့် ပေါ်တူဂီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဂါရတ်ဘေးလ်က ဝေးလ်အသင်းဖော်များကိုလည်း ထောက်ခံအားပေးစကားပြောဆိုခဲ့သည်။ ဝေးလ်အသင်းအနေဖြင့် ပရီးမီးယား လိဂ်တွင် မထင်မှတ်ဘဲဗိုလ်စွဲသော လက်စတာအသင်းကဲ့သို့ စွမ်းဆောင်နိုင်မည်ဆိုပါက အသင်းသားများနှင့် ဝန်ထမ်းများမှာ ဗိုလ်စွဲသည့်ဆုကြေးပေါင် ၂၁ ဒသမ ၈ သန်းနီးပါးပမာဏဖြစ်သော ပေါင် ၇ ဒသမ ၂ သန်း အပိုဆုကြေး ချီးမြှင့်ခံရမည်ဖြစ်သည်။

“ကျွန်တော်တို့တောက်ပမယ့် အချိန်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အံ့ချီးဖွယ်နေ့တစ်နေ့ဖြစ်လာမှာပါ။ ကျွန်တော်တို့ သမိုင်းသစ် ရေးခဲ့ပြီးဖြစ်သလို ထပ်လည်းရေးနိုင်ပါသေးတယ်။

ဒီမှာ ကျွန်တော်တို့ ပေါ့ပါးပျော်ရွှင်စွာနဲ့ ပြိုင်ပွဲဝင်နေပြီး ကျွန်တော်တို့ရဲ့ အချိန်လည်းဖြစ်သလို ဆီမီးဖိုင်နယ်အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။

ဝေးလ်အသင်းဗိုလ်လုပွဲတက်နိုင်မလားဆိုသည့် မေးခွန်းကိုလည်း ဘေးလ်က “အဲဒါက ကျွန်တော်တို့ရဲ့လက်ထဲမှာပဲ မူတည်ပါ တယ်။ အရင်က အမှားတွေကိုလည်း လေ့လာပြင်ဆင်ပြီးပါပြီ”ဟု ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required