ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် စီးနင်းခံရမှုတွင် လုံခြံုရေးတပ်ဖွဲ့က သေနတ်သမား ခြောက်ဦးကို သုတ်သင်ရှင်းလင်းကာ ဓါးစာခံ ၁၃ ဦးကိုကယ်တင်နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် စီးနင်းခံရမှုတွင် လုံခြံုရေးတပ်ဖွဲ့က သေနတ်သမား ခြောက်ဦးကို သုတ်သင်ရှင်းလင်းကာ ဓါးစာခံ ၁၃ ဦးကိုကယ်တင်နိုင်ခဲ့

ဇူလိုင် ၂ ။              ။ ဇူလိုင် ၁ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင်တစ်ခုကို သေနတ်သမားများက ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်းအတွင်းရှိလူများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ယခုအခါ ၎င်းတို့ကို လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များက သေနတ်သမား ခြောက်ဦးကို အသေဖမ်းမိခဲ့ပြီး ဓါးစာခံ ၁၃ ဦးအားကယ်တင်နိုင်ခဲ့ပြီဟု သိရသည်။

" ဓါးစာခံဖမ်းဆီးခံထားသူတွေထဲက သုံးယောက်က နိုင်ငံခြားသားတွေ ဖြစ်ပြီးတော့ ကျန်ဆယ်ယောက်ကတော့ ပြည်တွင်းကပါ" ဟု လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် တူဟင် မိုဟာမက် မူဆက်ဒ်က ပြောသွားသည်။

ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ စားသောက်ဆိုင်အတွင်း သေနတ်သမားများအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ အခြေအနေများ တည်ငြိမ်သွားခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။

အဆိုပါ ဆိုင်သည် ပြည်ပ နိုင်ငံသားများ၊ သံအရာရှိများ၊ အလယ်အလတ်တန်းစား မိသားစုဝင်များ လာရောက်စားသောက်လေ့ရှိသည့် ဆိုင်တစ်ဆိုင်ဖြစ်ပြီး အမြဲလိုလိုပင်လူစည်ကားနေတတ်သည်ဟု သိရသည်။

သတင်းများအရ ယင်းဆိုင်ကို စီးနင်းခဲ့သော သေနတ်သမားများမှာ အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသော အိုင်အက်စ်တပ်ဖွဲမှ ဖြစ်ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly