ဥရောပသမဂ္ဂမှ နုတ်ထွက်သော်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မပြောင်းလဲဟု ဗြိတိန်သံရုံး သတင်း ထုတ်ပြန်

ဥရောပသမဂ္ဂမှ နုတ်ထွက်သော်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မပြောင်းလဲဟု ဗြိတိန်သံရုံး သတင်း ထုတ်ပြန်

မဲခွဲဆုံးဖြတ်မှုအပြီး ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြောင်းလဲသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ နုတ်ထွက်မှုအား အစိုးရသစ်က ဆောင်ရွက်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဂျီ-၂၀၊ ဂျီ-၇၊ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့နိုင်ငံနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း ၁၀ နိုင်ငံ၊ အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု၊ ဆန်းသစ်တီထွင်မှုနှင့် မူဝါဒအပေါ် အခြေခံသည့် နိုင်ငံတကာစနစ်ကို  ကျင့်သုံးသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

"အထူးပြောလိုတာကတော့ မိမိတို့အနေနဲ့ ဒီမိုကရေစီထွန်းကားအောင်  ဆောင်ရွက်နေသော၊ အရပ်ဖက်အစိုးရနှင့် တံခါးဖွင့် ဝါဒကို ကျင့်သုံးနေသော  မြန်မာနိုင်ငံနှင့် နီးစပ်သော မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားပါမယ်။

မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ အဓိကပါဝင် ကူညီမယ့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိန်လူမျိုးတွေရဲ့နှလုံးသား သီးသန့်နေရာမှာ ဆက်လက်ရှိနေမှာပါ" သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

http://www.nationmultimedia.com/aec/UK-affirms-relations-with-Myanmar-de...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required